ရွှေတစ်ကျပ်သား (၅၈) သိန်းအောက်သို့ ပြန်လည်ကျဆင်း

0
215

ပြည်တွင်းရွှေဈေးကွက်အတွင်း စံချိန်တင် မြင့်တက်နေသ ည့် ရွှေ‌ဈေးနှုန်းမှာ တစ်ကျပ်သား (၅၈) သိန်းကျပ်အောက်သို့ ယနေ့ညနေပိုင်းတွင် ပြန်လည်ကျဆင်းခဲ့ကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ရွှေစျေးနှုန်းမှာ မေ (၂၈) ရက်မှ စ၍ တရှိန်ထိုး စျေးမြင့်တ က်လာပြီး ယမန်နေ့ ညနေပိုင်းမှစတင်ကာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၅၈) သိန်းကျော်သို့ စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ( မေ ၂၉ ရက်) နံနက်ပိုင်းမှစ၍ ၅၅ သိန်းကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်နေရာမှ ထပ်မံမြင့်တက်ခဲ့ပြီးနောက် ညနေပိုင်းတွင် (၅၈ သိန်းကျော်သို့ ရောက်ရှိခဲ့ပြီး ယနေ့ည နေပိုင်းတွင် ၅၇၆၀၀၀၀ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ကြော င်း သိရသည်။

ထိုသို့ ရွှေစျေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် ရန်ကု န်မြို့ရှိ ရွှေဆိုင်အချို့တွင် ရွှေအရောင်းများ ခေတ္တရပ်နားထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လအတွင်း ပြည်တွင်းရွှေဈေး ကျပ် ၄၁ သိ န်းကျော်သာရှိရာမှ ဧပြီလတွင် ကျပ် ၄၅ သိန်းကျော်သို့ မြင့်တက်ခဲ့ပြီး မေလအလယ်မှစတင်ကာ ကျပ်သိန်း ၅၀ ကျော်သို့ ဆက်လက်မြင့်တက်ခဲ့ရာ ယနေ့တွင် ကျပ် ၅၈ သိန်းဝန်းကျင်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားငွေလဲ စျေးကွက်အတွင်း၌လည်း ငွေလဲနှုန်းများ မြင့်တက်လျက်ရှိကာ အမေရိကန် တစ်ဒေါ်လာလျှင် ၄၆၈၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here