နိုင်ငံတစ်ဝန်း (၃)ရက်အတွင်း တရားမဝင် စက်သုံးဆီများ၊ စားသောက်ကုန်များ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော် ယာဉ်များ စုစုပေါင်း အမှုတွဲ (၇)မှုမှ ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၈၁,၈၅၀,၆၀၀ ဖမ်းဆီးရမိ

0
99

နိုင်ငံတစ်ဝန်း မေ (၂၅) ရက်၊(၂၇) ရက်နှင့် (၂၉) ရက်တို့တွင် တရားမဝင် စက်သုံးဆီများ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၃၈၁,၈ ၅၀,၆၀၀)ရှိကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်ရာမှ ယခုကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မေ (၂၅) ရက်က အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင် တ င်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ် Carbon Stick ကီ လိုဂရမ် (၁၈၀၀) အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၁၅၈,၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကော က်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးခဲ့ရာ မေ (၂၇) ရက်တွင် ကုန်းတွင်း ဆိ ပ်ကမ်းရွာသာကြီး Dry Port ၌ Bonded Warehouse အတွ င်းမှ ကုမ္ပဏီမှ စွန့်လွှတ်ကြောင်း လျှောက်ထားလာသည့် ဗီ ယက်နမ်နိုင်ငံထုတ် စားသောက်ကုန်ကြမ်းပစ္စည်း Foodst uff Malt Extract Cereal ကီလိုဂရမ် (၉၂၅၀၀) (ခန့်မှန်းတ န်ဖိုးငွေကျပ် ၂၇၅,၈၃၅,၀၀၀)ကို အကောက်ခွန် လုပ်ထုံးလု ပ်နည်းများအရ အရေးယူထားကြောင်းလည်း သိရသည်။  

ယင်းပြင် မေလ (၂၉) ရက်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ မြကျွန်းသာအနီး၌ လိုင်စင်မဲ့ Nissan March မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၀ ၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ စုစု ပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၈,၈၃၅,၀၀၀)ကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ထို့ပြင် မေ (၂၉) ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုခဲ့ရာ ရွှေကျင် စစ် ဆေးရေးစခန်း၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားမဝင် စ က်သုံးဆီ ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၂၇၆၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၈၅၆,၈၀၀)နှင့် စက်သုံးဆီများတင်‌ဆောင်လာသည့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀,၈၅၆, ၈၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ အရေးယူထားကြောင်း သိရသည်။

ထို့ပြင် မေ (၂၉) ရက်က စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးလျက်ရှိရာ စစ်ကိုင်းမြို့၊ ရတနာပုံတံတား (ပူးပေါင်း) စစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Hijet မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၈,၀၀၀ ,၀၀၀)နှင့် ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ Subaru Samber မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈,၀ ၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၀၀၀,၀၀၀) ကို ဖမ်းဆီး ရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here