မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အနောက်တောင်မုတ်သုံလေဝင်ရောက်

0
342

မြန်မာနိုင်ငံတစ်ဝန်းလုံးကို အနောက်တောင်မုတ်သုံလေဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မေလ (၃၁) ရက်တွင် ထုတ်ပြန်ချက်အရ သိရသည်။ 

အနောက်တောင်မုတ်သုံလေသည် လွန်ခဲ့သည့် (၂၄)နာရီအ တွင်းက နိုင်ငံတစ်ဝန်းလုံးသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း မိုး/ဇလက အသိပေးထားသည်။ 

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်  ဖြစ်ထွန်းနေကာ ကပ္ပလီပင်လယ်ပြင်နှင့် ကျ န်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အ တင့်မှ အားကောင်းနေကြောင်း သိရသည်။ 

ထို့ပြင် မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြ ည်နယ်တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း‌ဒေသကြီး၊ ရှမ်းပြည် နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတို င်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွ က်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလက အသိပေးထားသည်။  

လက်ရှိတွင်မူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်ကာ ကချင်ပြည်နယ်နေရာအချို့တွင် ရေကြီးမှုများ ဖြစ်ပေါ်နေကာ လဟယ်မြို့တွင်လည်း မြေပြိုမှုနှင့် တောင်ကျချောင်းရေကြောင့် နေ အိမ်များ မျောပါပျက်စီးကာ လူ‌ေသဆုံးသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here