တာချီလိတ်မြို့နယ် မယ်ယန်းစုပေါင်းဂိတ်အနီးတွင် ခရီးသ ည်တင် ယာဉ်(၁)စီး တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါ ခရီးသည် (၂)ဦး ထိခိုက်ဒဏ်ရာရ

0
335

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး၊ မယ်ယန်းစုပေါင်းဂိတ်အနီးတွင် ခရီးသည်တင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ပါ ခရီးသည်  (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာချီလိတ်ခရိုင်မီးသ တ်စခန်းမှ သိရသည်။ 

ယနေ့ မေ (၃၁) ရက်၊ နံနက် (၁၁)နာရီ၊ မိနစ် (၂၀) အချိန်ခန့်က ရန်ကုန်မှ တာချီလိတ်သို့ မောင်းနှင်လာသည့် ခရီးသည်တင် ယာဉ်(၁)စီးမှာ ဆိုင်ကယ်အား ရှောင်တိမ်းရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ တာချီလိတ်ခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ခရီးသည် (၇)ဦးအနက် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁) ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ရွှေမယ်ယန်းပရတိတအသင်းနှင့် ဦးလှမိုးပရဟိတ အသင်းတို့မှ လူနာတင်ယာဉ်တို့ဖြင့် တာချီလိတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here