ဧည့်မထဆန် တစ်ပြည် (၃၀၀၀) ကျပ်ဖြင့် ရောင်းချပေးနေ

0
121

ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၊ စက်ရုံအလုပ်ရုံ ဝန်ထ မ်းများ၊ အလုပ်သမားမိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိ သားစုများသို့ ဧည့်မထဆန် တစ်ပြည် (၃၀၀၀) ကျပ်ဖြင့် ရောင်းချပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါ ဆန်ရောင်းချခြင်း အစီအစဉ်ကို ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ လက်လီဆိုင် (၅၈) ဆိုင်မှ စီစဉ်ရောင်းချပေးနေခြင်းဖြစ်ပြီး လိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း ထပ်မံအသိ ပေးထားသည်။ 

ပြင်ပ ဆန်ဈေးနှုန်းများဖြစ်သည့် ရွှေဘိုပေါ်ဆန်း (၁) အိတ်လျှင် ၁၄၅၀၀၀ ကျပ် ဝန်းကျင်မှ  ၁၇၃၀၀၀ ကျပ် ၊ ဧရာဝတီပေါ်ဆန်း  (၁) အိတ်လျှင်  ၁၃၅၀၀၀ ကျပ်မှ ၁၅၅၀၀၀ ကျပ် ၊ ပေါ်ကျွဲဆန် (၁) အိတ် ၁၀၈၀၀၀ ကျပ်ကျော်မှ ၁၁၃၀၀၀ ကျပ် ၊ ဆန်ကြမ်း  (အဟောင်း ရက် ၉၀) ၁ အိတ်လျှင်   ၁၁ ၀၀၀၀ ကျပ်ကျော် မှ ၁၂၇၀၀၀ ကျပ်အထိ ၊ ဆန်ကြမ်း ( အ သစ် ရက် ၉၀) (၁)အိတ်လျှင် ၁၀၁၀၀၀ ကျပ်မှ ၁၀၅၀၀၀ကျ ပ်၊ ဆန်ကြမ်း (နှံကား) (၁)အိတ်လျှင် ၉၀၀၀၀ ကျပ်ကျော် ၊ မနောသုခဆန် (၁) အိတ်လျှင် ၉၀၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

ယခုတစ်ပတ် ပြင်ပဆန်ဈေးကွက်တွင် အမြင့်ဈေးတွင်သာ ဆက်ရှိနေပြီး အရောင်းအဝယ်မှာ အေးနေကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်ရှိ ဈေးကွက်အတွင်းမှ သိရသည်။ 

ယခုဖော်ပြပါ ဈေးနှုန်းများသည် ကုန်စည်ဒိုင်လက်ကားဈေးဖြစ်ပြီး လက်လီဈေးမှာ ဆန်တအိတ်လျှင် ၄၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ မြို့နယ်အနီး အဝေးနှင့် ဆိုင်ပေါ်မူတ ည်၍ ဈေးနှုန်း မြင့်တက်မှုများ ရှိနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here