နီပေါသံရုံးမှ ပထမဆုံးအကြိမ်  Promoting Software Business  ပြုလုပ်

0
117

ယနေ့ မေလ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံအခြေစိုက် နီပေါသံရုံးမှ ပထမဆုံးအကြိမ်စီစဉ်ကြီးမှူးကာ Nepal-Myanmar Trade Relations: Promoting Software Business ကို ရန်ကုန်မြို့ Chatrium Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

အခမ်းအနား၏ရည်ရွယ်မှာ နီပေါနှင့်မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပိုမိုဖွံဖြိုးတိုးတက်လာစေရန် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး၊ နီပေါနိုင်ငံမှ IT ကုမ္ပဏီပေါင်း (၁၅) ခုမှ Product နှင့် Service များကို သက်ဆိုင်ရာအခန်းငယ်များ အသီးသီးတွင် ခင်းကျင်းပြသ မိတ်ဆက်ထားသည်။ 

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံအခြေစိုက်၊ နီပေါသံရုံးမှ သံအမတ်ကြီး H.E. Harishchandra Ghimire ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဉက္ကဌ မြို့တော်ဝန် ဦးဘိုဌေး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဉက္ကဌ ဒေါက်တာ လင်းအောင်၊ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်း အပါအဝင် ဖိတ်ကြားထားသော တာဝန်ရှိသူများမှတက်ရောက်ဂုဏ်ပြုကာ ခင်းကျင်းပြသထားသော အခန်းငယ်အသီးသီးရှိ Product နှင့် Service များကို ကြည့်ရှုလေ့လာခဲ့သည်။

ထို့နောက် Myanmar Digital Economy Association ၏ ဉက္ကဌ ဦးအောင်ဇေယျာလွင်မှ “မြန်မာနိုင်ငံမှာ ၂၀၃၀ လောက်ရောက်ရင် Digital Economy က မြန်မာ့ GDP ရဲ့သုံးပုံပုံ တစ်ပုံနီးပါးလောက်ဖြစ်နိုင်ဖို့ တွန်းသွားချင်ပါတယ်။ လက်ရှိအနေအထားမှာ Digital Economy က GDP နဲ့တစ်ခုလုံးယှဉ်လိုက်ရင် 4 / 5 Percent လောက်ပဲရှိပါဦးမယ်။ အများကြီးတိုးတက်အောင် လုပ်ဖို့လိုပါတယ်။ ဒါမှ Economy က ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

ဆက်လက်၍ အခမ်းအနားတွင် Presentation Session နှင့် B to B Meeting များပြုလုပ်ကာ အောင်မြင်စွာ ကျင်းပခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here