က​မ္ဘောဒီးယာတွင် ဧရာဝတီလင်းပိုင်စ​တွေ့

0
296

က​မ္ဘောဒီးယားနိုင်ငံ၊ကမ်​ပေါ့ခရိုင် Prek Tnaot တွင် က​မ္ဘောဒီးယားရေကြောင်းထိန်းသိမ်းရေး (MCC) က ဧရာဝတီလင်းပိုင်​ပေါက်က​လေးတွေ့ရှိခဲ့မှုအပေါ် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာနက ဂုဏ်ပြုကြောင်း ယ​နေ့တွင်ကြေညာလိုက်သည်။

အဆိုပါ ဧရာဝတီလင်းပိုင်​ပေါက်က​လေးသည် Indopacific humpback လင်းပိုင်အုပ်စုနှင့်အတူရှိနေသည်ကိုအံ့သြဖွယ်ရှာဖွေတွေ့ရှိမှုဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ် မေလ ၃၁ ရက် ယ​နေ့တွင် ပြောကြားခဲ့သည်။

MCC ၏ ဆိုရှယ်မီဒီယာတွင် ဧရာဝတီလင်းပိုင်​ပေါက်က​လေးဖြစ်​လာရသည့်မျိုးစိတ်ကို​လေ့လာ​နေဆဲဟုဆိုသည်။

ယခုရရှိ​သောပုံတွင်အရွယ်ရောက်ပြီး​သော ဧရာဝတီလင်းပိုင် (အမေဟုယူဆရတဲ့) လည်း အဖွဲ့နဲ့အတူ ရှိနေတယ်လို့ MCC က ပြောသည်။

“အခုထိတော့ စောင့်ကြည့်နေဆဲဖြစ်ပြီး လင်းပိုင်လေးကို အကြိမ်ပေါင်းများစွာ တွေ့ဖူးပါတယ်။ သူ့အမေက နို့တိုက်ခဲ့တာလို့ ယူဆရပါတယ်” ဟု ၎င်းကဆိုသည်။

Source: khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here