ရှန်ဂရီလာဆွေးနွေးပွဲ ဇလန်းစကီးတက်မည်ဟုမျှော်လင့်ရ

0
307

စင်္ကာပူ၊မေ ၃၁

ရုရှားက ယူကရိန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှုက နှစ်နှစ်ကျော်လာချိန်တွင် ယူကရိန်းသည် ရုရှား၏စစ်ရေးဖိအားအသစ်များနှင့်ကြုံတွေ့နေရပြီး ယူကရိန်းသမ္မတသည် စင်္ကာပူရှိ ရှန်ဂရီလာလုံခြုံရေးညီလာခံသို့ တက်ရောက်မည်ဟု မျှော်လင့်ရကြောင်း သတင်းရင်းမြစ်များကဆိုသည်။

အာရှထိပ်တန်းလုံခြုံရေးညီလာခံ၌ ယူကရိန်းအတွက်လုံခြုံရေးအကူအညီသည် ယခုနှစ်ဆွေးနွေးပွဲ၌ထည့်သွင်းဆွေးနွေးမည့် အဓိကပြဿနာများထဲမှတစ်ခုဖြစ်မည်ဟုလည်းမျှော်လင့်ရပြီး အ မေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီးတို့လည်းတက်ရောက်ကြမည်ဖြစ်သည်ဟုသိရသည်။

သတင်းရင်းမြစ်နှစ်ခု၏ပြောကြားမှုအရ ဇလန်းစကီးသည် ယခုဆွေးနွေးပွဲ၌ ဇွန် ၁ ရက်တွင် ကိုယ်စားလှယ်များကို မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းသိရပြီးအဆိုပါကိစ္စ၏ အတိမ်းအ ​ေစာင်းမခံမှုကြောင့် သတင်းရင်းမြစ်များက အမည်မဖော်လိုပဲပြောကြားခဲ့ကြသည်။

စင်္ကာပူရှိ ယူကရိန်းသံရုံးသည် ယခုကိစ္စကို မှတ်ချက်ပေးရန်တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိခဲ့သကဲ့သို့ ကိဗ်ရှိ သမ္မတရုံးကလည်း မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိခဲ့ပေ။

လက်ရှိ၌ ဇလန်းစကီးသည် ဆွစ်ဇာလန်တွင် ဇွန်လ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပရန်စီစဉ်ထားသည့် ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးတွင် ရုရှားတပ်များဆုတ်ခွာရေးနှင့် ၁၉၉၁ ခုနှစ်ကအတိုင်း ယူကရိန်းနယ်နိမိတ်များကို ပြန်လည် ထူထောင်ရေးတို့ကို ပံ့ပိုးပေးရန်အတွက်အဓိကထားဆွေးနွေးနိုင်ကြောင်းလည်းသိရသည်။

Source : ရိုက်တာ/စီအမ်


LEAVE A REPLY

Please enter your comment!
Please enter your name here