ယူကရိန်းငြိမ်းချမ်းရေးညီလာခံတက်ရန် အခက်အခဲရှိ–တရုတ်

0
252

ပေကျင်း၊မေ ၃၁

ရုရှားဘက်မှ မတက်ရောက်ပါက လာမည့်လတွင် စီစဉ်ထားသည့် ယူကရိန်းစစ်ပွဲဆိုင်ရာ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ရန်ခက်ခဲလိမ့်မည်ဟု တရုတ်နိုင်ငံကပြောကြားခဲ့သည်။

ယူကရိန်းသည် ၎င်းအတွက် နိုင်ငံတကာပံ့ပိုးမှုများရရှိနိုင်ပြီး ရုရှားနှင့်စစ်ပွဲကို အဆုံးသတ်နိုင်မည်ဟုမျှော်လင့်ထား‌သည့် ဇွန်လ၌ ကျင်းပမည့် ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်နိုင်ရန်စိတ်အားထက်သန်လျက်ရှိသည်။

အလားတူပင် ယူကရိန်းက အဆိုပါညီလာခံသို့ တရုတ်နိုင်ငံတက်ရောက်စေလိုကြောင်းပြောကြားခဲ့သော်လည်း တရုတ်က ရုရှားပါ အစည်းအဝေး တက်မှသာ ၄င်းလည်းတက်ရောက်မည့်အခြေအနေမျိုးဖြစ်နေကြောင်းဖော်ပြထားသည်။

“နိုင်ငံတကာငြိမ်းချမ်းရေးညီလာခံမှာ ရုရှားနဲ့ယူကရိန်းနှစ်ဖက်လုံးကို အသိအမှတ်ပြုပြီး သက်ဆိုင်ရာအဖွဲ့အားလုံး တန်းတူညီမျှပါဝင်သင့်ပါတယ်။ဒါမှသာငြိမ်းချမ်းရေး အစီအစဉ်အားလုံးကို တရားမျှတစွာ ဆွေးနွေးနိုင်မယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်” ဟုလည်းတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

“ဒီလိုမှမဟုတ်ရင် အခုကျင်းပတဲ့ညီလာခံဟာ ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရာမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေပါဝင်တယ်လို့‌ ပြောနိုင်ဖို့ခက်ခဲပါတယ်” ဟုလည်းပြောကြားခဲ့သည်။

“တရုတ်အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပြတ်ပြတ်သားသားမြှင့်တင်ပြီး အပြုသဘောဆောင်တဲ့အခန်းကဏ္ဍမှာ ဆက်လက်ပါဝင်နေမှာဖြစ်ပေမယ့် အမေရိက ဘက်က ကျွန်တော်တို့ကိုအပြစ်ပုံချနေတဲ့အပေါ် ပြတ်ပြတ်သားသားကန့်ကွက်ပါတယ်” ဟုလည်းဆက်လက်ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/ဂျီအက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here