စီးပွားရေး ဥပဒေဒီပလိုမာ အတွက် တောင်ကြီးတက္ကသိုလ်က သင်တန်းသား ခေါ်ယူ​နေ

0
124

တောင်ကြီး တက္ကသိုလ်တွင် စီးပွားရေး ဥပဒေဒီပလိုမာ သင် တန်းအတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း သိရသည်။

အဆိုပါ သင်တန်းမှာ (၉)လကြာ တက်ရောက်ရမည်ဖြစ်ပြီး  ဇွန်လ (၁၃) ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

သင်တန်းအတွက် အသိမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားရမည်ဖြစ်ကာ အစိုးရ လုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင် လုပ်ကိုင်နေသူ ဖြစ်ပါက သက်ဆိုင်ရာ ဌာနအကြီး အကဲ၏ ခွင့်ပြုချက်ပါရှိရမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သင်တန်းသားဦးရေ ကန့်သတ်ထားသောကြောင့် ဝင်ခွင့်အရည်ချင်းစစ် ရေးဖြေ၊နှုတ်ဖြေ ဖြေဆိုရမည်ဖြစ်ကြော င်းလည်း သိရသည်။

မေလ (၃၀) ရက်မှ စတင်၍ ဇွန်လ (၅) ရက်အထိ သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် တောင်ကြီးတက္ကသိုလ် သင် တန်းရေးရာဌာနတွင် လျှောက်ထားနိုင်ကာ အရည်ချင်းစစ်စာမေးပွဲကို  ဇွန်လ (၈) ရက်တွင် လွိုင်လင်ဆောင်၊ ဥပဒေပညာဌာန၊ တောင်ကြီးတက္ကသိုလ်တွင်ပင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းနှင့် ပက်သက်သည့် အသေးစိတ်အချက်အလက််များကို တောင်ကြီးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန၊ ဖုန်း – ၀၈၁၂၁၂၁၀၉၀ နှင့် ဥပဒေပညာဌာန၊ ဖုန်းနံပတ် – ၀၉၂၀၁၀၀၀၉ ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here