သုံးစွဲရန်မသင့်သည့် ဆေးဝါး ၁၄ မျိုးကို FDA ထုတ်ပြန်

0
211

ဈေးကွက်အတွင်း၌ အများပြည်သူများသုံးစွဲရန် မသင့်သည့် ဆေးဝါး (၁၄) မျိုးကို စစ်ဆေးတွေ့ရှိရကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA က အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ ဆေးဝါးများသည် အရည်အသွေး၊ အာနိသင်၊ ဘေး အန္တရာယ် အာမခံချက်မရှိသည့်အပြင်  ဆေးဝါးမှတ်ပုံတင်မရှိသော ဆေးဝါး (၁၄) မျိုးဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းချနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

FDA သည် ဈေးကွက်အတွင်းရှိ ဆေးဝါးများကို ပုံမှန်စစ်ဆေးရာတွင် ယခုကဲ့သို့တွေ့ရှိရကြောင်း အဆိုပါ ဆေးဝါး (၁၄) မျိုး၏ ဓာတ်ပုံများတွင်  တရားဝင်တင်သွင်းထားသည့်  ဆေးဘူးနှင့် ဆေးကဒ်များမှာ မြန်မာနိုင်ငံ ဆေးဝါးမှတ်ပုံ တင်အမှတ်များ ဖော်ပြပါ ရှိပြီး စာသားများမှာလည်း အင်္ဂလိပ် ပ် ဘာသာများဖြင့် ဖော်ပြထား‌ကြောင်း သိရသည်။

ယခုစစ်ဆေးတွေ့ရှိရသည့် တရားမဝင် တင်သွင်းထားသည့်  ဆေးဘူးနှင့် ဆေးကဒ်များမှာ  မြန်မာနိုင်ငံ ဆေးဝါးမှတ် ပုံတင်အမှတ်များ  မပါရှိဘဲ စာသားများသည်လည်း တူရကီဘာသာများဖြင့် ဖော်ပြထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here