ထိုင်းနိုင်ငံ၏ ရက် (၆၀) ဗီဇာကင်းလွတ်ခွင့်ပေးသည့် နိုင်ငံများထဲတွင် မြန်မာမပါဝင်ဟုဆို

0
187

ယနေ့တွင် စတင်အသက်ဝင်ပြီဖြစ်သည့် ထိုင်းနိုင်ငံ၏ ရက် (၆၀) ဗီဇာကင်းလွတ်ခွင့်ပေးသည့် နိုင်ငံများထဲတွင် မြန်မာမပါဝင်​သေးကြောင်း သိရသည်။

ယနေ့ ဇွန် (၁) ရက်တွင် စတင်အသက်ဝင်မည့် ရက်ပေါင်း (၆၀) ဗီဇာကင်းလွတ်ခွင့်ရ နိုင်ငံများအား ထိုင်းအစိုးရက ထပ်မံတိုးမြှင့်ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံသို့ ခရီးသွားများဝင်ရောက်မှု မြှင့်တင်ရန်ရည်ရွယ်‌၍ ဆောင်ရွက်ခြင်းဖြစ်ကြော င်း သိရသည်။

ယခင်က ရက်ပေါင်း (၆၀) ဗီဇာကင်းလွတ်ခွင့်ဖြင့် နေထိုင်နိုင်သည့် နိုင်ငံများ အပါအဝင်ယခုတွင် အသစ်ထပ်တိုးလိုက်သည့် နိုင်ငံ (၆)နိုင်ငံရှိပြီး တရုတ်၊ လာအို၊ မွန်ဂိုလီးယား၊ ရုရှား၊ ကမ္ဘောဒီးယားနှင့် မကာအိုတို့ပါဝင်ကြောင်း သိရသ ည်။

ထိုင်းအစိုးရအ‌နေဖြင့် ပြီးခဲ့သည့် မေလ (၂၈)ရက်တွင်  ယခုလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

” မြန်မာက Visa Free က လတ်တလော (၁၄) ရက်ပဲ ရတာ ၊ အခု Visa Free နဲ့ ရက် (၃၀) ကနေ ရက် (၆၀) အထိ နေထိုင်ခွင့် သက်တမ်းတိုးမြှင့်ပေးတဲ့အထဲမှာ မြန်မာမပါဘူး ။ ကျနော်တို့ ထိုင်းသွားပြီး ရက် (၆၀) နေချင်ရင် ထိုင်းသံရုံးမှာ Toursit Visa လုပ်သွားမှပဲရမယ် ။ Destination Visa ကလည်း ဘတ် (၅) သိန်းနဲ့ညီမျှတဲ့ ငွေကြေးပိုင်ဆိုင်မှုနဲ့ပြရမှာဖြစ်ပြီးတော့ (၆) လကို ဘတ် တစ်သောင်းပေးရမှာဆိုတော့  အခြေခံလူတန်းစားအတွက် မဖြစ်နိုင်ဘူး ” ဟု ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။

ထိုင်းသတင်းဌာန The Nation ၏ ဖော်ပြချက်များအရ လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားများ ကွန်ဒိုအိမ်ခန်းဝယ်ယူမှုသည် ရုရှားနိုင်ငံကို ကျော်လွန်၍ ဒုတိယနေရာကိုရောက်ရှိသွားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာအများစုသည် အိမ်ခြံမြေနှင့် ကွန်ဒိုအခန်းများ ဝယ်ယူကြရာတွင်ပြည်တွင်း မတည်မငြိမ်ဖြစ်မှု၊ မိသားစုကျန်းမာရေး၊ ကလေးငယ်များ ပညာရေးအတွက်ရည်ရွယ်ပြီး သွားရောက်ဝယ်ယူကြခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here