စိန်တလုံး သရက်သီးများ ဈေးကောင်းရသော်လည်း ပြည်ပသို့ တင်ပို့နိုင်မှု လျော့ကျနေ

0
225

ယခုနှစ် သရက်သီးရာသီတွင် အရည်အသွေးကောင်း သရက်သီး ထွက်ရှိမှုလျော့ကျခြင်းကြောင့် ဈေးကောင်းရရှိသော်လည်း ပြည်ပသို့တင်ပို့နိုင်မှု လျော့ကျကြောင်း သရက်သီး တင်ပို့သူများထံက သိရသည်။

ယခုနှစ် သရက်ရာသီတွင် ပြည်တွင်း သရက်သီး ထွက်ရှိမှု လျော့ကျသလို ရာသီဥတု ပူပြင်းခြင်းကြောင့်လည်း အသီးအရွယ်ကြီးထွားမှု နည်းခြင်းကြောင့်လည်း ပို့ကုန်အရည်အ သွေးကောင်း သရက်သီးတင်ပို့နိုင်မှုလျော့ကျ နေခြင်းဖြစ် ကြောင်း သိရသည်။

ယခင်နှစ်တွင် ပြည်ပသို့ စိန်တလုံးသရက်သီး တန်ချိန် (၅၀) ကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန် (၂၀) ကျော်သာ တင်ပို့နိုင်ကြောင်း ပြည်တွင်းဈေးကွက်တွင်လည်း တန်ချိန် (၁၅) တန်ခန့်သာ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ပြည်ပသို့ စိန်တလုံး သရက်သီးတင်ပို့မှုကို သင်္ဘောတင်နှင့် လေကြောင်းလိုင်းများမှ တင်ပို့ မှုရှိသလို နယ်စပ်ကုန်သွယ်မှုမှ တင်ပို့မှုမှာလည်း သယ်ယူစရိတ်မြင့်မားခြင်းကြောင့် တင်ပို့မှုလျော့နေခြင်းဖြစ်သည်။

သို့သော်လည်း သရက်သီးအထွက်နှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းဈေးကွက်တွင် (၁၆)ကီလို တစ်ခြင်းလျှင် ငွေကျပ် ၄၅၀၀၀မှ – ၅၀၀၀၀ ထိဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here