ကျိူက်ဝိုင်းဘုရားလမ်းတွင် YBS 83 ယာဉ်လိုင်းမှ ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား

0
109

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၆)ရပ် ကွက်၊ကျိူက်ဝိုင်းဘုရားလမ်းပေါ်တွင် ရန်ကုန်မြို့တွင်း ပြေး ဆွဲနေသည့် ခရီးသည်တင် YBS 83 ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နှင့် မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။  

ယနေ့ ဇွန် (၁)ရက်၊ နေ့လယ် (၁)နာရီ (၅၄)မိနစ်အချိန်က ကျို က်ဝိုင်းဘုရားအနီးတွင် YBS ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မြန်မာ့ကြယ်ဖြူလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

“YBS 83 ရဲ့ ကားအနောက် အင်ဂျင်ခန်းကနေ မီးလောင်တာ ”ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ဆိုသည်။

အဆိုပါ မီးလောင်မှုအား ဝိုင်းဝန်းငြှိမ်းသတ်ရာ နေ့လယ် (၂) နာရီ (၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်စဉ်ကြောင့် လူထိခိုက်မှု တစ်စုံ တစ်ရာ မရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here