ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ၆၂ သိန်းကျော် လာရောက်အပ်နှံ

0
101

ယခု ပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူ ကျောင်းသားကျောင်းသူ ၆၂သိန်းကျော် လာရောက်အပ်နှံခဲ့ကြကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၆၂၇၅၆၉၁ ဦးရှိခဲ့ခြင်းဖြစ်သည်။

အခြေခံပညာဦးစီးဌာနအောက်ရှိ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကာ ဇွန်လ ၂ရက်၊ ယနေ့အထိ သတ်မှတ်၍ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုလက်ခံခြင်းများ ဆောင်ရွက်လျက်ရှိနေခြင်းဖြစ်သည်။

ထို့အပြင် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း ထောက်ပံ့ပေးအပ်နေကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here