ဟားမတ်စ်အဖွဲ့ မပျက်သုန်းသရွေ့ ဂါဇာ ထာဝရ အပစ်ရပ်စဲရေး မဖြစ်နိုင်ဟု နေတန်ယာဟု ပြော

0
93
Israeli Prime Minister Benjamin Netanyahu addresses a ceremony marking Memorial Day for fallen soldiers of Israel’s wars and victims of attacks at Jerusalem's Mount Herzl military cemetery on May 13, 2024. - Israel marks Memorial Day to commemorate fallen soldiers and victims of attacks recorded since 1860 by the defence ministry, just before the celebrations of the 75th anniversary of its creation according to the Jewish calendar. (Photo by GIL COHEN-MAGEN / POOL / AFP)

ဟားမတ်စ်အဖွဲ့ရဲ့ စစ်တပ်နဲ့ အုပ်ချုပ်နိုင်စွမ်းတွေ မပျက်စီးသရွေ့တော့ ဂါဇာမှာ ထာဝရအပစ်ရပ်စဲရေး ရှိလာမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

ဂါဇာအပစ်ရပ်စဲရေးနဲ့ ဟားမတ်စ် လက်တွင်းရောက် ဓ-ါးစာခံတွေ လွှတ်ပေးရေး အဆင့်သုံးဆင့်ပါ သဘောတူညီချက်တစ်ခုကို အစ္စရေးက အဆိုပြုခဲ့တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလာပြီးနောက်မှာ နေတန်ယာဟုရဲ့ ယခု အွန်လိုင်းထုတ်ပြန်ချက် ထွက်လာတာဖြစ်ပါတယ်။

“စစ်ပွဲ အဆုံးသတ်ရေးအတွက် အစ္စရေးရဲ့ သဘောထားအခြေအနေတွေက အပြောင်းအလဲ မရှိပါဘူး။ ဟားမတ်စ် စစ်ရေးနဲ့ အုပ်ချုပ်ရေးစွမ်းရည် ပျက်သုန်းပြီး၊ ဓ-ါးစာခံ အားလုံးလွတ်မြောက်ရေး၊ ဂါဇာဒေသဟာ အစ္စရေးအတွက် ခြိမ်းခြောက်မှုအနေအထားမရှိတော့အထိ လုပ်ဆောင်သွားမှာပါ” လို့ နေတန်ယာဟုက ပြောဆိုခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဘိုင်ဒင်ချပြခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အပြီးသတ်သဘောတူညီချက်ချကြဖို့ ကြားဝင်စေ့စပ်သူတွေက အစ္စရေးနဲ့ ဟားမတ်စ်တို့ကို စနေနေ့မှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ စစ်ပွဲစတင်ကတည်းက အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ဟာ စစ်ပွဲအဆုံးသတ်ဖို့အတွက် လအတော်ကြာ ကြားဝင်စေ့စပ်မှုတွေလုပ်နေပေမယ့် သဘောတူညီချက်ရဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအစီအစဉ်ဟာ ဂါဇာ လူထု၊ ဓ-ါးစာခံတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် ချက်ချင်းလက်ငင်း သက်သာရာရစေမှာဖြစ်တယ်လို့ ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here