ရှန်ဂရီလာလုံခြုံရေးညီလာခံတက်ရန် ဇလန်းစကီး စင်္ကာပူရောက်

0
209

စင်္ကာပူ၊ဇွန် ၁

ယူကရိန်းသမ္မတဇလန်းစကီးသည် စင်္ကာပူနိုင်ငံ၌ကျင်းပသည့် ရှန်ဂရီလာဒိုင်ယာလော့ခ်လုံခြုံရေးညီလာခံ၌ မိန့်ခွန်းပြောကြားရန်အတွက် စင်္ကာပူနိုင်ငံသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ဇလန်းစကီးသည် “ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဒေသတွင်းတည်ငြိမ်ရေးတို့အတွက် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ ဖြေရှင်းနည်းများ” ဟူသောခေါင်းစဉ်ဖြင့်ပြုလုပ်မည့် ရှန်ဂရီလာဆွေးနွေးပွဲ၏ သတ္တမအကြိမ်မြောက်မျက်နှာစုံညီအစည်းအဝေးတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း အာရှထိပ်တန်းကာကွယ်ရေးထိပ်သီးအစည်းအဝေးအား စီစဉ်သည့် နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေးသိပ္ပံကအတည်ပြုပြောကြားခဲ့သည်။

ယင်းနောက် ၎င်းကဆက်လက်၍ ရုရှား၏မြေပြင်ထိုးစစ်ပြင်းထန်လာချိန်၌ နိုင်ငံတကာထောက်ခံအားပေးမှုရရှိရန်ကြိုးပမ်းသည့်အနေဖြင့်လည်း ယခုကဲ့သို့လူကိုယ်တိုင်တက်ရောက်လာခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့အပြင် အမေရိက ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် ယူကရိန်းသမ္မတဇလန်းစကီးအပါအဝင် ယူကရိန်းကာကွယ်ရေးဝန်ကြီးနှင့်ပါ ညီလာခံပြင်ပ၌ ထပ်မံတွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း အမေရိကန်အရာရှိတစ်ဦး၏ပြောကြားချက်အရသိရသည်။

အဆိုပါတွေ့ဆုံမှု၌ ၎င်းတို့သည် ယူကရိန်း၌ဆက်လက်ဖြစ်ပွားနေသည့် လက်ရှိစစ်ရေးအခြေအနေများအပြင် ရုရှား ကို ပြန်လည်တွန်းလှန်နိုင်ဖို့ လိုအပ်သည့်အရာများကို ထားရှိပေးနိုင်ရေးနှင့်ပတ်သက်၍ အမေရိက၏ကတိကဝတ်များကို အလေးပေးဆွေးနွေးမည်ဖြစ်ကြောင်းလည်း မစ္စတာအော်စတင်၏ခရီးစဉ်၌ပါဝင်သည့် အမည်မဖော်လိုသူတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here