ပြင်သစ်တွင် ပြုလုပ်မည့် အဝတ်အထည်ဆင်ယင်မှုပြပွဲမှာ ပါဝင်နိုင်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်း လျှောက်လွှာဖိတ်ခေါ်

0
171

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် ကျင်းပမည့် အဝတ်အထည်ဆင်ယင်မှုပြပွဲ (Apparel Sourcing Paris) ၌ ထုတ်ကုန်နမူနာများ ပါဝင်ပြသနိုင်ရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက လျှောက်လွှာဖိတ်ခေါ်နေကြောင်း သိရသည်။

ဇူလိုင်လ (၁)ရက်မှ (၃)ရက်အထိ ကျင်းပမည့် အဆိုပါ ပြပွဲတွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းက Institutional Booth အဖြစ် MGMA ပြခန်းနှင့် အသင်းဝင်စက်ရုံ ပြခန်း (၃) ခန်း ပါဝင်ပြသမည်ဖြစ်သည်။

ထို့ပြင် လျှောက်ထားသူ အသင်းဝင်စက်ရုံများလျှင် စက်ရုံတခုလျှင် (၂)ထည်ခန့်သာ ရွေးချယ်မည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အသိပေးထားသည်။

လျှောက်လွှာများကို ဇွန်လ (၅) ရက်အထိ မိမိပြသမည့် အထည်နမူနာ အရေအတွက် အတိုင်းဖြင့် ထုတ်ကုန် နမူနာ (ဓာတ်ပုံ (၂) ပုံမှ (၅) ပုံ) ထိ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်ပြသနိုင်ရန်အတွက် ရွေးချယ်ခံရသည့် ပြသလိုသော ကုန်ပစ္စည်းနမူနာများကို ပဲရစ်မြို့သိူ့ DHL express ဖြင့်ပေးပို့၍ ကုန်ကျစရိတ်ကိုလည်း ပေးပို့သူ ကုမ္ပဏီမှ ကျခံပေးရမည်ဖြစ်သည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းအနေဖြင့် ၂၀၁၇ ခုနှစ်မှ စတင်ကာ ထိုပြပွဲကို ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသာမက အသင်းဝင် ကုမ္ပဏီများ၏ ကိုယ်ပိုင်အရောင်းပြခန်းများဖြင့်လည်း ကမ္ဘာအနှံ့အရောင်းမြှင့်တင်ခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။

ပြပွဲနှင့် ပက်သက်၍ သိရှိလိုသည်များကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ရုံးခန်းသို့လည်းကောင်း၊ဖုန်း -၀၉ ၄၂၀၀၃၆၆၈၃ သို့မဟုတ် Event & PR officer ဒေါ်ခင်သန္တာ ထံသို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here