ဘိုင်ဒင်သည်သာ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်–အစ္စရေးဆန္ဒပြသူများ

0
148
Relatives and supporters of Israelis held hostage by Palestinian Hamas militants in Gaza since the October 7 attacks, demonstrate to call for their release in Tel Aviv on June 1, 2024. (Photo by AHMAD GHARABLI / AFP)

တဲလဗီ၊ဇွန် ၂

အမေရိကန်သမ္မတက စီစဉ်ပေးသည့် အပစ်အခတ်ရပ်စဲရေးအစီအစဉ်ကို အစ္စရေးဝန်ကြီးချုပ်က ငြင်းပယ်လိုက်မည်ကိုစိုးရိမ်နေကြသည့် အစ္စရေးနိုင်ငံသားများသည် စုဝေးဆန္ဒပြကာ အဆိုပါအစီအစဉ်ကိုလက်ခံလိုက်ရန် ဝိုင်းဝန်းတိုက်တွန်းတောင်းဆိုခဲ့ကြကြောင်းသိရသည်။

ဆန္ဒထုတ်ဖော်သူများသည် အစ္စရေးနှင့် အမေရိကန်အလံများကို ကိုင်ဆောင်ထားပြီး ဓ-ါးစာခံများကို အိမ်ပြန်နိုင်အောင်ဆောင်ရွက်ပေးရန် တောင်းဆိုထားကြကာ သမ္မတဘိုင်ဒင်သည် ၎င်းတို့၏တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်ကြောင်း ဆန္ဒပြပွဲ၌ပါဝင်သည့် အမျိုးသားတစ်ဦးကပြောကြားခဲ့သည်။

သမ္မတဂျိုးဘိုင်ဒင်သည် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းစစ်သွေးကြွများက ဖမ်းဆီးထားသော ဓ-ါးစာခံများကိုလွှတ်ပေးရေးပါဝင်သည့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်သုံးဆင့်ပါဝင်သည့်အစီအစဉ်ကို သောကြာနေ့ကချပြခဲ့သဖြင့် အဆိုပါအစီအစဉ်ကို ဝန်ကြီးချုပ်နေတန်ယာဟုက ငြင်းပယ်လိုက်မည်ကိုစိုးရိမ်နေကြခြင်းဖြစ်သည်။

ဆန္ဒပြသူတစ်ဦးကမူ “သမ္မတဘိုင်ဒင်က ကျွန်မတို့ရဲ့ဓ-ါးစာခံတွေအပေါ် ဝန်ကြီးချုပ် နေတန်ယာဟုထက်တောင်ပိုပြီး အလေးထားစဉ်းစားပေးထားပါတယ်” ဟုလည်းပြောကြားခဲ့ပြီး အခြားတစ်ဦးကမူ “တကယ်တော့နေတန်ယာဟုက ဓ-ါးစာခံတွေထက် သူ့ရဲ့နိုင်ငံရေးအနာဂတ်အတွက်ပဲ ပိုစိုးရိမ်နေတာပါ” ဟုလည်းဆိုခဲ့သည်။

ဝန်ကြီးချုပ်နေတန်ယာဟုကလည်း ဂါဇာကမ်းမြောင်ရှိ ဟားမတ်စ်တို့၏အုပ်ချုပ်ရေးယန္တရားနှင့် အစ္စရေးကိုနှောင့်ယှက်နေသည့်ကိစ္စများကို မရပ်တန့်နိုင်မချင်း ယခုစစ်ပွဲအား အဆုံးသတ်မည်မဟုတ်ကြောင်း ယတိပြတ်ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here