ဆိုးလ်တွင်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိစ္စအွန်လိုင်း ကြိုတင်ရယူသည့် စနစ်ဖြင့် ပြောင်းလဲလုပ်ဆောင်မည်

0
171

လာမည့် ဇူလိုင်လ ၂၂ ရက်မှစတင်၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း ကိစ္စကို Online Appointment ကြိုတင်ရယူသည့်စနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက အသိကြေညာထားသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့် ကိစ္စကို သံရုံးသို့ လူကိုယ်တိုင်လာရောက် ကြိုတင်ရက်ချိန်းရယူသည့် Booking စနစ်မှ အွန်လိုင်းချိန်းဆိုမှုစနစ်သို့ ပြောင်းလဲသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာသံရုံးအနေဖြင့် ကိုရီးယားနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံကူး လက်မှတ်သက်တမ်းတိုး လျှောက်ထားမှုနှင့် ကောင်စစ်ဆိုင်ရာကိစ္စရပ်များကို နေ့စဉ်ဆောင်ရွက်ပေးနေကြောင်း သိရသ ည်။

လက်ရှိတွင်  မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသည့် ကိစ္စဆောင်ရွက်ရန်သံရုံးသို့ လူကိုယ်တိုင်လာရောက်ပြီး ကြိုတင်ရက်ချိန်းယူသည့် Booking စနစ်သည် အရေအတွက်များပြားပြီး အချိန်ပေးစောင့်ဆိုင်းရမှုတွေ ရှိလာသည့်အတွက် အွန်လိုင်းချိန်းဆိုမှုစနစ်သို့ ပြောင်းလဲရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့်ကိစ္စများ ဆောင်ရွက်ရန် ၂၀၂၄ ခုနှစ် ဇူလိုင် (၁၈) ရက်အထိ ရက်ချိန်းပေးထားပြီးဖြစ်ကြောင်း သံရုံး၏ ကြေညာချက်အရ သိရသည်။

ပြည်ပတွင် နေထိုင်သော မြန်မာနိုင်ငံသားများ နိုင်ငံကူးစာအုပ် သက်တမ်းတိုးလျှင် smart card တင်ပြရန် မလိုသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here