ရန်ကုန်မြို့တွင်းသို့ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရန် အထူးအဖွဲ့များ ကြပ်မတ်စစ်ဆေးရန်လိုကြောင်း တိုင်းဒေသကြီး လုံ/နယ်ဝန်ကြီးပြောကြား

0
317

ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်ကပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်လာနိုင်သည့် ကုန်းလမ်း၊ ရေလမ်းကြောင်းများအား ခရိုင်အဆင့် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များမှ တရားမဝင် ကုန်ပစ္စည်းများ ပါဝင်သယ်ဆောင်လာမှုမရှိစေရေးအတွက် အဆိုပါ လမ်းကြောင်းများကို ရှာဖွေစစ်ဆေးဆောင်ရွက်မှုများ ပုံမှန်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ ခရိုင်အဆင့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့  ဥက္ကဋ္ဌများနှင့် ရေကြောင်းရဲတပ်ဖွဲ့ခွဲမှ တာဝန်ရှိသူများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် စစ်ဆေးရှာဖွေ ဆောင်ရွက်နေမှုများနှင့် မြစ်ကြောင်းလုံခြုံရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး  လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးထိခိုက်မှုမရှိစေရန်နှင့် သတင်းလုံခြုံမှုရှိစေရန်အတွက် ဂရုစိုက်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here