ဇလန်းစကီးက ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို ပံ့ပိုးပေးရန်တောင်းဆို

0
279

စင်္ကာပူ၊ဇွန် ၂

ယူကရိန်းသမ္မတဇလန်းစကီးက ယခုလနှောင်းပိုင်းတွင် ဆွစ်ဇာလန်၌ကျင်းပမည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲသည့် ၎င်းနိုင်ငံ၌ လူ ပေါင်းသောင်းချီကာ‌ေ-သဆုံးခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သောစစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု စင်္ကာပူ၌ပြုလုပ်သည့် ရှန်ဂရီလာလုံခြုံရေးဒိုင်ယာေလာခ့်ညီလာခံမိန့်ခွန်း၌ပြောကြားခဲ့သည်။

လုံခြုံရေးညီလာခံမိန့်ခွန်းနှင့်အမေးအဖြေကဏ္ဍ၌ ဇလန်းစကီးက ဆွစ်ဇာလန်၌ကျင်းပမည့် ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို လက်ရှိအချိန်၌ နိုင်ငံနှင့်အဖွဲ့အစည်းပေါင်း ၁၀၆ ခုက စာရင်းပေးသွင်းထားသော်လည်း အချို့သောကမ္ဘာ့ခေါင်းဆောင်များသည် ၎င်းတို့၏ထောက်ခံမှုကို မပြသေးသည့်အတွက်စိတ်ပျက်မိကြောင်း ပြောသည်။

ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲကို မတက်ရောက်သည့်နိုင်ငံများထဲတွင် တရုတ်နိုင်ငံလည်းပါဝင်နေကာ ရှန်ဂရီလာလုံခြုံရေးညီလာခံပြင်ပ၌လည်း တရုတ်ကိုယ်စားလှယ်အဖွဲ့နှင့်မတွေ့ရ၍ စိတ်ပျက်မိကြောင်း ဇလန်းစကီးကပြောကြားခဲ့သည်။

ယင်းနောက်ဇလန်းစကီးက အမေရိက၊ဂျာမနီနှင့်နယ်သာလန်စသည့်နိုင်ငံများကို ၎င်းတို့၏စစ်ရေးထောက်ပံ့မှု အထူးသဖြင့် လေကြောင်းကာကွယ်ရေးစနစ်ထောက်ပံ့မှုများအတွက် ကျေးဇူးတင်ကြောင်းလည်းပြောကြားခဲ့ကာ အမေရိက၏ ေရွ့ရှားမှုမြန်သော အ မြောက်ဒုံးပျံစနစ် ကို အသုံးပြုခွင့်ပေးခဲ့သည့်အတွက် ပိုမိုကျေးဇူးတင်ရှိပါကြောင်းဆိုခဲ့ပြီး မလုံလောက်သေးကြောင်းကိုထပ်မံပြောကြားခဲ့သည်။

ရှန်ဂရီလာလုံခြုံရေးညီလာခံပြင်ပ၌လည်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့်ဇလန်းစကီးတို့ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြသေးကြောင်းသိရသည်။ရှန်ဂရီလာလုံခြုံရေးညီလာခံသည် တနင်္ဂနွေနေ့တွင်ပြီးဆုံးသွားခဲ့ပြီလည်းဖြစ်သည်။

Source : စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here