အိန္ဒိယရွေးကောက်ပွဲနောက်ဆုံးနေ့၌ အပူဒဏ်ကြောင့် မဲရုံဝန်ထမ်း ၃၃ ဦး‌ေ-သဆုံးခဲ့

0
700
Voters queue up to cast their ballots at a polling station during the seventh and final phase of voting in India's general election in Chandigarh on June 1, 2024. (Photo by AFP)

လက်ခ်နောင်း၊ဇွန် ၂

အိန္ဒိယနိုင်ငံ၌ အပူချိန်များမြင့်တက်လျက်ရှိနေသည့်ကြားမှရွေးကောက်ပွဲကျင်းပခဲ့သဖြင့်ရွေးကောက်ပွဲနောက်ဆုံးနေ့တွင် အပူရှပ်သဖြင့်ပြည်နယ်တစ်ခုတည်းမှပင် မဲရုံဝန်ထမ်း ၃၃ ဦးထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း ရွေးကောက်ပွဲထိပ်တန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

နိုင်ငံတွင်းနေရာအများအပြားတွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်ကာ ပြင်းထန်သောအပူလှိုင်းများဖြစ်ပေါ်နေခြင်းကြောင့် လူ‌ေ-သဆုံးမှုများ အများအပြားရှိခဲ့သော်လည်း တစ်ရက်အတွင်း မဲရုံဝန်ထမ်းအများအပြား‌ေ-သဆုံးခြင်းသည် အလွန်ဆိုးရွားလှသည်ဟု ပြောသည်။

‌ေ-သဆုံးသူမဲရုံဝန်ထမ်းများထဲတွင် လုံခြုံရေးအစောင့်များနှင့်သန့်ရှင်းရေးဝန်ထမ်းများပါဝင်ပြီး ‌ေ-သဆုံးသူများ၏မိသားစုဝင်များကို လျော်ကြေးအနေဖြင့် ရူပီး ၁ ဒသမ ၅ သန်း (အ မေရိကန်ဒေါ်လာ ၁၈,၀၀၀) စီပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ခြစ်ခြစ်တောက်ပူနေချိန်၌ လူတစ်ဦးအနေဖြင့် ရေဓါတ်အလွန်ခမ်းခြောက်လာပါက သွေးများပျစ်လာကာ ကိုယ်တွင်းအင်္ဂါများဆောင်ရွက်မှုကိုပိတ်သွားစေသည့်အတွက် ‌ေ-သဆုံးမှုများဖြစ်ပေါ်ရခြင်းဖြစ်သည်ဟုလည်း ကျွမ်းကျင်သူများကဆိုကြသည်။

အခြားမြို့တစ်မြို့မှ ဆန္ဒမဲပေးမည့်ပြည်သူတစ်ဦးသည်လည်း တန်းစီစောင့်ဆိုင်းနေစဉ် လဲကျသွားသဖြင့် ဆေးရုံသို့ပို့ပေးခဲ့သော်လည်း အသက်ဆုံးရှုံးသွားကြောင်းသိရသည်။

ယခုကျင်းပပြီးဆုံးခဲ့သည့် အိန္ဒိယရွေးကောက်ပွဲ၌ လက်ရှိဝန်ကြီးချုပ် နရင်ဒရာမိုဒီပင်တတိယအကြိမ်မြောက် ထပ်မံအနိုင်ရရှိရန်မဲများနေပြီး ရွေးကောက်ပွဲရလဒ်ကို အင်္ဂါနေ့တွင် တရားဝင်ကြေငြာချက်ထုတ်ပြန်မည်ဖြစ်ကြောင်းသိရသည်။

Source : အေအက်ဖ်ပီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here