မြန်မာလက်ရွေးစင် ယူ-၁၆ အသင်းအနေဖြင့် Junior Lions အမည်ဖြင့် ယူ-၂၀ပြိုင်ပွဲတွင် ဝင်ရောက်ကစားနေ

0
785

မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည်အာဆီယံနှင့် အာရှပြိုင်ပွဲအတွက် ပြင်ဆင်သည့် အ‌နေဖြင့် Junior Lions အမည်ခံ၍ မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်ကစား
နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဘောလုံအဖွဲ့ချုပ်(MFF)ထံက သိရသည်။

ယမန်နေ့ ဇွန်(၂)ရက် ညနေပိုင်းက အဆိုပါ Junior Lions အသင်းနှင့် ရန်ကုန်ယူနိုက်တက် ယူ-၂၀အသင်းတို့ ယှဉ်ပြိုင်ကစားရာ Junior Lions အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ ပြိုင်ပွဲကို အသင်းပေါင်း (၁၃) သင်းဖြင့် ယခုလ ဇွန်(၁)ရက်နေ့မှစတင်ကာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ယူ-၂၀ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမ‌အကျော့ အုပ်စု ပွဲစဉ်များအပြီးတွင် Junior Lions အသင်းအနေဖြင့် ရမှတ်(၃)မှတ်ဖြင့် အမှတ်ပေးဇယားရပ်တည်မှု အဆင့်(၅)တွင် ရရှိနေသည်။

အမှတ်ပေးဇယား၏ ထိပ်ဆုံးတွင် ရှမ်းယူနိုက်တက်က ရမှတ်(၃)မှတ်ဖြင့်လည်းကောင်း ၊ ဒုတိယနေရာတွင် ISPEအသင်းက ရမှတ်(၃)မှတ် လည်းကောင်း၊ ရတနာပုံ ယူနိုက်တက်အသင်းအနေဖြင့်လည်း ရမှတ်(၃)မှတ်ဖြင့် တတိယနေရာတွင်လည်းကောင်း ရမှတ်တူသော်လည်း ဂိုးကွားခြားချက်များပေါ်မူတည်၍ ရပ်တည်လျှက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here