ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ စာသင်ကျောင်းများ ယနေ့စတင် စတင်ဖွင့်လှစ်

0
181

ဇွန်လ (၃)ရက် ယနေ့မှစတင်၍ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာကျောင်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများရှိ တက္ကသိုလ်နှင့် ကျောင်းများအားလုံး တပြိုင်တည်း ဖွင့်လှစ်ခဲ့သည်။

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက်အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ (၆၃)သိန်းကျော် ကျောင်းအပ်နှံပြီးစီးပြီဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြထားသည်။

မေ (၂၃)ရက်မှ ဇွန် (၂)ရက်အထိ သတ်မှတ်ထားသည့်ကျောင်းအပ်နှံမှု သီတင်းပတ်အတွင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၃) သိန်းကျော် လာရောက်အပ်နှံခဲ့ပြီး အခြေခံ ပညာဦးစီးဌာနအောက်ရှိ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းများကို ယနေ့ဇွန် (၃) ရက်တွင် စတင်ဖွင့်လှစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ ဆရာမများက လာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံး စာအုပ်များကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here