အောင်မြေသာစံမြို့နယ်ရှိ ဖုန်းအရောင်းဆိုင် တစ်ဆိုင်မှ ဖုန်းနှင့် ငွေများ လုယက်ခံရမှု ဖြစ်ပွား

0
137

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံရပ်ကွက်၊ (၆၃) လမ်းနှင့် (၂၆) လမ်း ထောင့်ရှိ SKY MOBILE ဖုန်းအရောင်းဆိုင်မှ ဖုန်းနှင့် ငွေများ လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

ယမန်နေ့ ဇွန် (၂)ရက်၊ မွန်းလွဲ (၁) နာရီခွဲအချိန်ခန့်က အဆိုပါ ဖုန်းဆိုင်သို့ အမည်မသိလူ (၂) ဦးမှ ဓ-ါးရှည်ကိုင်ကာ ဝင်ရောက်လာပြီး ဆိုင်အတွင်းရှိ ကောင်တာအား ဓ-ါးဖြင့် ရိုက်ခွဲလုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကောင်တာအတွင်းရှိ Redmi-A3 ဖုန်း (၁၀) လုံး၊ ဖုန်းဟောင်း (၂)လုံး၊ ငွေကျပ် သိန်း (၃၀)တို့အား လုယက်ယူဆောင်ကာ (၂၆)လမ်းမှ တဆင့် (၆၃) လမ်းအတိုင်း ဆိုင်ကယ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖုန်းဆိုင် ဓ-ါးပြတိုက် လုယက်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူများကို ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here