ရိုးရာသွေးအေးကျား သွေးသစ်ဝင်းလှိုင်မွေထိုင်းဖိုက်တာ ခွန်ဆွမ်ဖြင့် ထိုးသ-တ်မည်

0
353

ရိုးရာသွေးအေးကျားဟု အမည်တွင်နေသည့် သွေးသစ်ဝင်းလှိုင်အ‌နေဖြင့် ယခုလ ဇွန်(၇)ရက်နေ့ ထိုင်းစံတော်ချိန် ည(၇) နာရီအချိန်၌ ထိုင်းနိုင်ငံနာမည်ကြီးလက်‌ဝှေ့ကလပ်၏ မွေထိုင်းဖိုက်တာ ခွန်ဆွမ်နှင့် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က အသိပေးလာခဲ့ပြီဖြစ်သည်။

၎င်း ဖိုက်တာနှစ်ဦးမှာ ONE ကပြုလုပ်သည့် Friday Fights 66 ပွဲစဉ်၏ တွဲဆိုင်း(၁၂)ဆိုင်းအနက် တွဲဆိုင်း (၅)ဆိုင်းမြောက်တွင် သုံးမိနစ်ထိုး နှစ်မိနစ်နား သုံးချီစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ရိုးရာသွေးအေးကျား သွေးသစ်ဝင်းလှိုင်နှင့် ထိုးသ-တ်မည့် ခွန်ဆွမ်ဆိုသူမှာ ထိုင်းနိုင်ငံနာမည်ကြီး Superbone မွေထိုင်းကလပ်မှဖြစ်ကာ သွေးသစ်ကို အလဲထိုးပြီး ဘောနပ်စ်ယူမည်ဟုလည်း ၎င်းဘက်က ကြုံးဝါးထားသည်။

ပြီးခဲ့သော မေ(၃၁)ရက် One Friday Fight 65 ပွဲစဉ်တွင် ရိုးရာလက်ဝှေ့ဖိုက်တာ ထွန်းမင်းအောင်နှင့် ရုရှားဖိုက်တာတို့ ယှဉ်ပြိုင်ခဲ့ရာ ရုရှားဖိုက်တာ ကီရိယက်ဖ်က ဒိုင်ပေးမှတ်ဖြင့် အနိုင်ရခဲ့သည်။

လက်ရှိတွင် ONE ကပြုလုပ်သည့် ဖိတ်ခေါ်ပွဲများတွင် ရိုးရာဖိုက်တာများဖြစ်သည့် စိုးလင်းဦး၊ ထွန်းမင်းနိုင် ၊ ထွန်းမင်းအောင်နှင့် သွေးသစ်ဝင်းလှိုင်တို့ ထိုးသ-တ်ခဲ့ပြီး‌နောက် ရိုးရာဖိုက်တာ တစ်ဦးဖြစ်သူ ကျော်စွာဝင်းကိုလည်း ONE ဘက်က ပွဲတည်‌ပေးရန် ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here