မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဆွမ္မရာ – လေရှီး သွားလမ်းပိုင်းအချို့ ပျက်ဆီး

0
104

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆွမ္မရာ – လေရှီးသွားလမ်းပိုင်းတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် လမ်းအချို့ပျက်ဆီးနေကြောင်း သိရသည်။

ဆွမ္မရာ – လေရှီး သွားလမ်းတစ်လျှောက်ရှိ လမ်းအချို့ မြေပြိုပျက်ဆီးခြင်း၊ မိုးရေစီးဆင်းမှုကြောင့် လမ်းပျက်ဆီးခြင်းနှင့် သစ်ပင်များလဲပြီး လမ်းပျက်ဆီးမှုများဖြစ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။

လမ်းများပျက်ဆီးနေခြင်းကြောင့် ဆွမ္မရာမှ လေရှီးသို့ ရုံးလုပ်ငန်းဆောင်ရွက်ရန်သွားလာရသည့် ရုံးဝန်ထမ်းများ၊ ခရီးသွားများ ခက်ခက်ခဲခဲသွားလာနေရကြောင်း သိရသည်။

လေရှီးမြို့သည် အိန္ဒိယနိုင်ငံ နယ်စပ်အနီးတည်ရှိသည့်မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်ပြီး လေရှီးမြို့မှ ထမံသီရွာ ထိုမှတဆင့် ကားလမ်းဖြင့် ဟုမ္မလင်းသို့ ဆက်လက် သွားလာနိုင်ကြောင်း သိရသည်။

ဆွမ္မရာမြို့သည် လေရှီးမြို့နယ်တွင် ပါဝင်သော မြို့နယ်ခွဲအဆင့်ရှိ မြို့ဖြစ်ပြီး၂၀၁၄ ခုနှစ်လူဦးရေစာရင်းအရ ဆွမ္မရာမြို့ပေါ်တွင် လူဦးရေ ၁၄၈၄ ဦးနေထိုင်ကြောင်း သိရသည်။

လေရှီး၊ လဟယ်၊ နန်းယွန်း (၃)မြို့နယ်ကို ပေါင်းကာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်သတ်မှတ်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here