ပေါ်တူဂီ လေကြောင်းပြပွဲမှာ လေယာဉ်နှစ်စင်း တို-က်မိခဲ့ပြီး ပိုင်းလော့တစ်ဦး ‌ေ-သဆုံး

0
374

တနင်္ဂနွေနေ့က ပေါ်တူဂီနိုင်ငံ တောင်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းပြပွဲ သရုပ်ပြမှုတစ်ခုအတွင်း လေယာဉ်နှစ်စင်း ဝေဟင်မှာ တို-က်မိခဲ့တာကြောင့် ပိုင်းလော့တစ်ဦး ေ-သဆုံးခဲ့ကာ အခြားပိုင်းလော့တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပေါ်တူဂီလေတပ်က ပြောဆိုပါတယ်။

“Beja လေကြောင်းပြပွဲမှာ ညနေ ၄း၀၅ နာရီအချိန်က လေယာဉ် ခြောက်စင်းပါဝင်တဲ့ လေကြောင်းသရုပ်ပြမှုတစ်ခုအတွင်း လေယာဉ်နှစ်စင်း မတော်တဆမှုဖြစ်ခဲ့ကြောင်းကို စိတ်မကောင်းစွာဖြင့် ကြေညာချက်ထုတ်ရပါတယ်” လို့ အတိုချုပ် ထုတ်ပြန်ချက်တစ်ခုမှာ လေတပ်က ပြောဆိုခဲ့ပါတယ်။

ယင်းဖြစ်ရပ်မှာ စပိန်နိုင်ငံသားတစ်ဦး ‌ေ-သဆုံးခဲ့ကြောင်းလည်း ဆက်လက်ဖော်ပြခဲ့ပြီး ‌ေ-သဆုံးသူဟာ လေယာဉ်တို-က်မိမှုမှာ ပါဝင်တဲ့ လေယာဉ်တစ်စင်းမှ ပိုင်းလော့ဖြစ်တယ်လို့ လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကို ပြောဆိုခဲ့ပါတယ်။

ပေါ်တူဂီနိုင်ငံသားဖြစ်တဲ့ အခြားလေယာဉ်မှ ပိုင်းလော့ကတော့ အသေးစားဒဏ်ရာရခဲ့ပြီး အရေးပေါ် ပြူစုကုသပေးကာ Beja ဆေးရုံကို တင်ပေးခဲ့တယ်လို့လည်း လေတပ်က ပြောဆိုခဲ့ပါတယ်။

စပိန်နဲ့ ပေါ်တူဂီ ပိုင်းလော့တွေက လေယာဉ်ခြောက်စင်းနဲ့ “Yak Stars” အမည်ပေးထားတဲ့ အုပ်စုဖွဲ့သရုပ်ပြပျံသန်းမှုလုပ်ခဲ့တာလို့ သိရပါတယ်။ တို-က်မိခဲ့တဲ့ လေယာဉ်တွေဟာ ဆိုဗီယက်ဒီဇိုင်း လေကြောင်းလေကျင့်ရေးမော်ဒယ်အမျိုးအစားတွေဖြစ်တဲ့ Yakovlev Yak-52 လေယာဉ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းဖြစ်ရပ်ကြောင့် စနေနေ့မှာ စတင်ခဲ့တဲ့ Beja လေကြောင်းပြပွဲကို ပွဲစီစဉ်သူတွေက ရပ်ဆိုင်းထားလိုက်တယ်လို့ သိရပါတယ်။

Ref: Vanguard


LEAVE A REPLY

Please enter your comment!
Please enter your name here