ထိုင်းတွင် ဧည့်စာရင်းမတိုင်သည့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ

0
123

ထိုင်းနိုင်ငံတွင် ရဲ၊ လဝက အဖွဲ့စုံပါသည့် ထိုင်းအာဏာပိုင်များက နေအိမ်များ၊ လုပ်ငန်းခွင်များကို ဝင်ရောက်စစ်ဆေးခဲ့ရာ ဧည့်စာရင်းမတိုင်သည့် မြန်မာလုပ်သား (၁၀၀) ခန့်ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားအရေးဆောင်ရွက်သူ အချို့ထံမှ သိရသည်။

မြန်မာလုပ်သား အများစုနေထိုင်သည့် တမင်အိမြို့၊ ခယ်ရိုင်ကျေးရွာရှိ အငှားတိုက်တစ်ခုကို ထိုင်း လဝက တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးစဉ် ယခုကဲ့သို့ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

အဆိုပါ အငှားတိုက်ခန်းတစ်ခုတွင် အခန်းပြည့် နေထိုင်နေပြီး ဧည့်စာရင်းမတိုင်ကြသည့် မြန်မာလုပ်သား (၁၀၀) ခန့်အား စိစစ်တွေ့ရှိခဲ့ရကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနကလည်း ဖော်ပြထားသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား ၁၀၀ ခန့်အား ဧည့်စာရင်းတိုင်ကြားခြင်းမရှိဘဲ နေထိုင်ခွင့်ပြုခြင်းကြောင့် အဆောင်မှူးအား လဝက ဥပဒေပုဒ်မ ၃၇(၂) နှင့် ပုဒ် မ ၃၈ အရ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here