ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့တွင်ငွေကျပ်သိန်း (၈၀၀) နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

0
125

မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့တွင် အမျိုးသား (၃) ဦးထံမှ ငွေကျပ်သိန်း (၈၀၀) နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

ဇွန် (၁) ရက်၊ နေ့လယ် (၂)နာရီခွဲ အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၁၀၂ လမ်း၊ ၆၄ လမ်း ၆၅ လမ်းကြားတွင် အောင်ကျော်စိုး မောင်းနှင်ပြီး ဟိန်းသူရကို(ခ)ဖက်တီး လိုက်ပါလာသည့် NISSANAD အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြသည်။ 

ထိုသို့ စစ်ဆေးရာ ၎င်းတို့ထံမှ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water အလေးချိန် (၂၀) ဂရမ် (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄ သိန်း)၊ ကက်တမင်း အလေးချိန် (၁၀) ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄ သိန်း) နှင့် လက်ကိုင်ဖုန်း (၃) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို စစ်ဆေးဖော်ထုတ်ချက်အရ ဇွန် (၁) ရက်၊ ညနေ (၃)နာရီခွဲ အချိန်တွင် အဆိုပါ စိတ်ပြောင်းဆေးဝါးများရောင်းချသူ ဇော်မျိုးသန့်(ခ)အားချန်အား ၎င်းငှားရမ်းနေထိုင်သည့် ပြည်ကြီးတံခွန်မြို့နယ်၊ (၇၄) လမ်း၊ တံခွန်တိုင်အဝိုင်းအနီးရှိ နေအိမ်အတွင်းမှ Happy Water အလေးချိန် (၅၅၁) ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၆၆၁.၂ သိ န်း)၊ ကက်တမင်း အလေးချိန် (၂၁၀) ဂရမ် (ဒေသကာလပေါ က်ဈေးတန်ဖိုးငွေကျပ် ၈၄ သိန်း)၊ ဘိန်းဆီခဲ အလေးချိန် (၃) ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈ သိန်း)နှင့် လက်ကိုင်ဖုန်း (၁) လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် အောင်ကျော်စိုး(၃၉)နှစ်၊ ဟိန်းသူရကို(ခ)ဖက်တီး(၂၄)နှစ်နှင့် ဇော်မျိုးသန့်(ခ)အားချန်(၂၅) နှစ်တို့အား သက်ဆိုင်ရာ ရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေး ယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here