နာမည်ကျော် ကစားသမားများပါဝင်သည့် ဂျပန်လက်ရွေးစင်အသင်း မနက်ဖြန် ရန်ကုန်သို့ရောက်မည်

0
135

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဝင်ရောက်ခွင့်အတွက် ဂျပန် – မြန်မာ ခြေစမ်းပွဲ ကစားကြမည်ဖြစ်ရာ မနက်ဖြန် ဇွန်(၄)ရက်တွင် နာမည်ကျော် ဘောလုံးသမားများပါဝင်မည့် ဂျပန်လက်ရွေးစင်အသင်း ရန်ကုန်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်လက်ရွေးစင်အသင်းတွင် လီဗာဗူးအသင်း၏ ကွင်းလယ်ကစားသမား အန်ဒို (အသင်းခေါင်းဆောင်) နှင့် အာဆင်နယ် နောက်တန်းကစားသမား တိုမီယာဆု တို့ ပါဝင်မည်ဖြစ်ကာ၊ ဂျပန်လိဂ်တွင် ကစားနေသော ကစားသမား (၅) ဦးသာပါဝင်ပြီး ယင်းအနက်(၃) ဦးမှာ ဂိုးသမားများဖြစ်ကာ၊ ကျန်ကစားသမား(၂၁)ဦးမှာ ဥရောပအပါအဝင် ပြည်ပကလပ်များတွင် သွားရောက် ကစားနေသည့် ကစား သမားများဖြစ် ကြောင်း သိရသည်။

အလားတူ မြန်မာ့လက်ရွေးစင်အသင်းအတွက် မြန်မာနည်းပြချုပ် မိုက်ကယ် ဖိုင်တန်ဘိုင်နာက ရွေးချယ်ထားပြီး၊အသင်းတွင် ပြည်ပကလပ်အသင်းများ၌ ကစားနေသည့် လက်ရွေးစင်ကစားသမားများဖြစ်သော ဟိန်းဖြိုးဝင်း၊ ကျော်မင်းဦး၊ စိုးမိုးကျော်၊ မြတ်ကောင်းခန့် ၊ လွင်မိုးအောင်၊ ဟိန်းထက်အောင် ၊ မောင်မောင်လွင်၊ အောင်သူ ၊ စူလမာန်၊ ဝင်းနိုင်ထွန်း၊ အောင်ကောင်းမာန်နှင့် သက်ပိုင်တို့ ပါဝင်သည်။

ဂျပန်နှင့် တွေ့ဆုံမည့် အဆိုပါခြေစမ်းပွဲစဉ်အား အိမ်ရှင်ကွင်းဖြစ်သည့် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် ယခုလ ဇွန်(၆)ရက် ညနေ (၆) နာရီ မိနစ်(၄၀) အချိန်တွင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

ထို့အတူ မြန်မာအသင်းအနေဖြင့် ဇွန်(၁၁) ရက်၌ လာအိုနိုင်ငံတွင် မြောက်ကိုရီးယားအသင်းနှင့် ဒုတိယအကျော့ ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်းသိရသည်။

မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ကစားရာတွင် ယမန်နှစ်က ပထမအကျော့အဖြစ် မြောက်ကိုရီးယားအသင်း ၊ မကာအိုအသင်း၊ ဆီးရီးယားအသင်း တို့ဖြင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ယခုနှစ်တွင် ဂျပန်အသင်းဖြင့် ခြေစစ်ပွဲကစားရခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here