ဒေါနတောင်‌လမ်းဟောင်း ကုန်အနည်းအများပေါ် မူတည်၍ အနည်းဆုံးဘတ် ၂,၀၀၀ ပေးဆောင်ရဟု ဆို

0
174

မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းတစ်ခုဖြစ်သည့် ဒေါနတောင်‌လမ်းဟောင်းတွင် ကုန်အနည်းအများပေါ်မူတည်၍ အနည်းဆုံး ထိုင်းဘတ်ငွေ (၂,၀၀၀) အထိ ပေးဆောင်ရကြောင်း အဆိုပါဒေသတွင်း ခရီးသွားလာခဲ့သူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် အဆင်းကားများကိုသာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသော်လည်း အတက်ကားအချို့လည်း ရှိနေကြောင်း ဆိုသည်။

“တောင်ပေါ် လမ်းဟောင်းပိုင်းကိုတော့ မဲ့ပလဲ့ရွာထိပ်မှာ လက်မှတ်ဖြတ်ရပြီး ကားတစ်စီး ဖြတ်သန်းခ ကားအကြီးအသေးကုန်အနည်းအများ ပေါ်မူတည်ပြီး အနည်းဆုံးဘတ်နှစ်‌ထောင်ပေးရပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် မြဝတီနယ်စပ်သွားလမ်းပိုင်းများဖြစ်သည့် ထို့ကော်ကိုး၊ ကြက်ဥတောင်လမ်းနှင့် ၁၀၁၈ လမ်းပိုင်းတို့မှာ ဖြတ်သန်းခွင့်ပြုထားသော်လည်း မိုးရွာသွန်းခြင်းကြောင့် သွားလာရခက်ခဲလျှက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းသုံးပိုင်းအတွင်း သွားလာနေသည့် ကားများ အနေဖြင့် နွံနစ်ခြင်း၊ ကားပျက်ခြင်းအတွက် ဘတ်ဟိုးများ၊ ထွန်းစက်များအား အခကြေး ငွေပေး၍ ငှားရမ်းနေရကြောင်း သိရသည်။

“အရေးမကြီး၊ အကြောင်းကြီးငယ်မရှိရင် လုံးဝမသွားသင့်တဲ့ အခြေအနေပါ”ဟု ၎င်းက ဖြည့်စွက် ဆိုသည်။

ယင်းလမ်းပိုင်းများ အခြေအနေမှာ မိုးရွာ၍ တောင်ကျရေများခြင်း၊ လမ်းပိတ်ခြင်းနှင့် ကားပျက်ခြင်းများရှိခြင်းအပေါ်မူတည်၍ ဖြတ်သန်းခွင့်ပြုလျှက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here