အိန္ဒိယ အပူလှိုင်းက သုံးလအတွင်း ၅၆ ဦး‌ေ-သဆုံးစေခဲ့

0
128

နူးဒေလီ၊ဇွန် ၃

အိန္ဒိယ၌ မတ်လမှမေလအထိ သုံးလတာကာလအတွင်း ရက်အတော်ကြာသည်အထိ အပူလှိုင်းဖြတ်သန်းပြီးနောက် အပူရှပ်သည်ဟု သံသယရှိရသူပေါင်း ၂၅,၀၀၀ နီးပါးရှိခဲ့ပြီး လူ ၅၆ ဦး သည်အသက်ဆုံးရှုံးခဲ့ကြောင်း အစိုးရအချက်အလက်များကိုကိုးကား၍ ဒေသတွင်းမီဒီယာများကဖော်ပြခဲ့သည်။

မေလတွင် မြို့တော်ဒေလီနှင့် အနီးနားရှိ ရာဂျက်စ်သန်ပြည်နယ်တို့တွင် အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့သဖြင့် ဒေသအတွက် အထူးဆိုးရွားသောလဖြစ်သည်ဟုလည်းဆိုကြသည်။

သို့ရာတွင် နိုင်ငံအရှေ့ပိုင်း ဒေသများမှာမူ ဆိုက်ကလုန်း ရီမဲလ်တိုက်ခတ်မှုဒဏ်ကို ခံနေရပြီးအာသံပြည်နယ်အရှေ့မြောက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မေလ ၂၈ ရက်မှ စ၍ လူ ၁၄ ဦး ‌ေ-သဆုံးခဲ့သည်ဟုလည်းသိရသည်။

သီရိလင်္ကာနိုင်ငံ၌လည်း မုတ်သုံမိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးမြေပြိုမှုများကြောင့် လူ ၁၅ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း သဘာဝဘေးစီမံခန့်ခွဲမှုဗဟိုဌာန (DMC) က တနင်္ဂနွေနေ့တွင်ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲတွင် တာဝန်ကျနေသည့် ရွေးကောက်ပွဲအရာရှိများအပါအဝင် မဲရုံဝန်ထမ်း ၃၃ ဦးထက်မနည်းသည်လည်း အပူရှိန်ကြောင့်‌ေ-သဆုံးခဲ့ရသည်။

Source : ရိုက်တာ/အာစီ


LEAVE A REPLY

Please enter your comment!
Please enter your name here