SKD၊ CKD စနစ်ဖြင့် တင်သွင်းမည့် လောင်စာဆီသုံးယာဉ်များအား အကောက်ခွန်နှုန်းထား လျှော့ချသတ်မှတ်

0
212

ဇွန် (၁) ရက်မှစတင်၍ MIC ခွင့်ပြုချက်ဖြင့်SKD၊ CKD စနစ်ဖြင့် တင်သွင်းမည့် လောင်စာဆီသုံးယာဉ်များအား MIC ခွင့်ပြုချက်ဖြင့် အကောက်ခွန်နှုန်းထား လျှော့ချသတ်မှတ်ထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၄၂/၂၀၂၄) ဖြင့် ထုတ်ပြန်ကြေညာထားသည်။

ပြည်တွင်း၌ ထုတ်လုပ်ရန် SKD နှင့် CKD စနစ်ဖြင့် တင်သွင်းမည့် လောင်စာဆီသုံးယာဉ်များအား အမျိုးအစားအပေါ်မူတည်ကာ လက်ရှိသတ်မှတ်ထားသည့် အကောက်ခွန်နှုန်းထက် ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်း လျှော့ချသတ်မှတ်ကြောင်း သိရသည်။

စီးပွားရေး ပြန်လည်ကောင်းမွန်တိုးတက်လာစေရန်နှင့် ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများကို အထောက်အကူပြုစေရန် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ ထုတ်လုပ်မည့် လောင်စာဆီသုံးယာဉ်များ Semi – Knocked Down (SKD) စနစ်နှင့် Completely Knocked Down (CKD) စနစ်တို့ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများ ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

2000 CC နှင့်အောက် လူစီးမော်တော်ယာဉ်၊ 2001 CC နှင့်အထက် လူစီးမော်တော်ယာဉ်၊ သုံးဘီးမော်တော်ယာဉ်၊ လူစီးနှင့် ကုန်တင်၊ BUS များ၊ Truck/Body Building ပြုလုပ်ရန် Truck များအား အကောက်ခွန်နှုန်းထား SKD အတွက် ၇ ဒသမ ၅ ရာခိုင်နှုန်းနှင့် CKD အတွက် ၅ ရာခိုင်နှုန်း ကောက်ခံနေရာမှ ယခုအခါ 2000 CC အောက်၊ 2000 CC၊ 200 1 CC နှင့်အထက် လူစီးမော်တော်ယာဉ်များအား SKD အတွက် ၅ ရာခိုင်နှုန်းနှင့် CKD အတွက် ၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ သုံးဘီးမော်တော်ဆိုင်ကယ် (လူစီး)များအား SKD အတွက် ၅ ရာခိုင်နှုန်းနှင့် CKD အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း၊ သုံးဘီးမော်တော်ဆိုင်ကယ် (ကုန်တင်)၊ BUS များနှင့် Truck/Body Building ပြုလုပ်ရန် Truck များအား SKD အတွက် ၃ ရာခိုင်နှုန်းနှင့် CKD အတွက် ၃ ရာခိုင်နှုန်းသို့လည်းကောင်း ဖြေလျှော့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ အကောက်ခွန်နှုန်းထား SKD နှင့် CKD နှစ်ခုလုံးကို ၃ ရာခိုင်နှုန်း ကောက်ခံနေသည့် မော်တော်ဆိုင်ကယ်များအား SKD နှင့် CKD နှစ်လုံးအတွက် ၁ ဒသမ ၅ ရာခိုင်နှုန်းအထိ ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြေညာစာသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁) ရက်မှ ၂၀၂၅ ခုနှစ် မေလ (၃၁) ရက်အထိ အကျိုးသက်ရော က်စေရမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here