မန္တလေး အောင်နန်းရိပ်သာ အရှေ့ရပ်ကွက် မီးလောင်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ မီးသတ်တပ်ဖွဲ့ဝင်နှင့် ‌ေ-သဆုံးဒဏ်ရာရသူများအား ထောက်ပံ့‌ငွေပေးအပ်

0
154

မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊၃၂x၃၃လမ်းကြား၊ ၈၁x၈၂ လမ်းကြားတွင်ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်အတွင်း အသက်ဆုံးရှူံးခဲ့သူများနှင့် ဒဏ်ရာရရှိသူ မီးတပ်တပ်ဖွဲ့ဝင် တစ်ဦးအား အလှူရှင်များနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေပေးအပ်မှုအား ယမန်နေ့ ဇွန်(၃)ရက်က လက်ဝယ်အရောက် တိုင်းမီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းကသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မီးလောင်ပြင်သို့ ထွက်ခွာငြိမ်းသတ်ခဲ့သော အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးတင့်ခိုင်မှာ မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် မီးသတ်ဝန်ထမ်းဟောင်းများအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးတို့က ကျပ်(၄၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အလားတူ မီးလောင်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသော ဦးသိန်းစိုးအတွက်ကျပ်(၁၀)သိန်းနှင့်ဒေါ်မြမြဝင်းအတွက် ကျပ်(၁၀)သိန်းကိုလည်း အသီးသီးထောက်ပံ့ခဲ့ကြသည်။

ထို့အပြင် ဒဏ်ရာရရှိခဲ့သော အရပ်သားပြည်သူများဖြစ်သည့် ဦးအေးထွန်း အား ကျပ်(၁၀)သိန်း၊ ဒေါ်စန်းမြင့်အား ကျပ် (၁၀) သိန်း၊ ဦးမြအောင်အား ကျပ်(၁၀) သိန်းနှင့် မောင်စစ်ငြိမ်းနိုင်အား ကျပ် (၁၀)သိန်း အသီးသီးထောက်ပံ့‌ ပေးအပ်ခဲ့သည်။

အဆိုပါ မီးလောင်မှုမှာ ပြီးခဲ့သော မေလ(၃၁)ရက်က Level2အဆင့် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ ယင်းမီးလောင်မှုအတွင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သားပြည်သူ (၅)ဦးထိခိုက်‌ေ-သဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here