နာဂဒေသအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးစာသင်ကျောင်းများဖွင့်လှစ်၊ ကျောင်းတက်သူဦးရေများပြား

0
101

နာဂဒေသအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများကို ဇွန်လ(၃)ရက်က တပြိုင်တည်းဖွင့်လှစ်ခဲ့ရာ ကျောင်းတက်သူဦးရေများပြားကြောင်းသိရသည်။

“ဒီနှစ်က က-လေ-းတွေ ကျောင်းတက်ကြတာများတယ်။ အရင်နှစ်ကထက် သိသိသာသာများတယ်။ ကျောင်းမတက်ရတဲ့ နှစ်များလာတော့က-လေ-းတွေနစ်နာလာတယ်။ အသက်ကြီးများ အတန်းကငယ်၊ အလုပ်လည်း လုပ်ရသေးတဲ့အရွယ်မဟုတ်တော့ ကျောင်းပြန်တက်ဖို့ပဲ လုပ်ကြရတာပေါ့”ဟု မုံရွာမြို့ကျောင်းသားမိဘတစ်ဦးက ပြောသည်။

နာဂဒေသအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ကသာမြို့၊ ရွှေဘိုမြို့၊ ရေဦးမြို့စသဖြင့် မြို့အတော်များများရှိ တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများကို ဖွင့်လှစ်စာသင်ကြားပေးနေပြီဖြစ်သည်။

“ကျောင်းဖွင့်ချိန်မှာ သက်ဆိုင်ရာ ကျောင်းသုံးပစ္စည်းတွေထောက်ပံ့တာမှန်ပေမယ့် မိဘတွေအတော်များများက က-လေ-းတွေအတွက် အပြင်ဆိုင်တွေက ဝယ်ပေးရတာချည်းပါ။ အခုအချိန်က အရင်ဈေးထက် ထက်ဝက်ဈေးတက်နေတော့ မဖြစ်မနေမို့ ဝယ်ပေးရတာ။ မသက်သာကြဘူး”ဟုကျောင်းသားဖခင်တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ စာသင်ကြားနေသောကျောင်းများ ဥပဓိရုပ် သန့်ရှင်းသပ်ရပ်စေရန် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ တပ်မတော်သားများ၊ ကြက်ခြေနီအဖွဲ့၊ လူမှုကူညီရေးအဖွဲ့နှင့် ပရဟိတသမားများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးများ ကြိုတင်ဆောင်ရွက်ပေးနေသလို ကျောင်းဖွင့်ချိန်များတွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here