ဂျပန်လက်ရွေးစင် ဘောလုံးအသင်း ရန်ကုန်သို့ ရောက်ရှိ

0
137

မြန်မာအသင်းနှင့် ‌ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမည့် ဂျပန်လက်ရွေးစင် ဘောလုံးအသင်းသည် ယနေ့ဇွန်(၄)ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဂျပန်လက်ရွေးစင်အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့သည် ဇွန်(၆)ရက်၊ ညနေ (၆) နာရီ မိနစ်(၄၀) အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအားကစားကွင်းအတွင်း ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်ခြေစစ်ပွဲအတွက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ခြေစစ်ပွဲကျင်းပရန် (၂)ရက်သာ ကျန်ရှိတော့ပြီး မြန်မာလ က်ရွေးစင်အသင်းအနေဖြင့်လည်း လေ့ကျင်ပြင်ဆင်မှုများ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။

ဂျပန်လက်ရွေးစင်အသင်းအနေဖြင် ပြီးခဲ့သော ၂၀၁၉ စက်တင်ဘာ (၁၀) ရက်တွင် မြန်မာ့လက်ရွေးစင်အသင်းနှင့် ပထမအကျော့တွေ့ဆုံခဲ့ပြီး မြန်မာအသင်းအား နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ဖူးသည်။

ယခု ပွဲစဉ်သည် (၆)နှစ်အကြာ ဒုတိယအကျော့ တွေ့ဆုံ ယှဉ်ပိုင်ကစားမည့် ပွဲစဉ်တစ်ခုလည်းဖြစ်သည်။

ဓာတ်ပုံ-Kyo Kyar


LEAVE A REPLY

Please enter your comment!
Please enter your name here