သထုံတွင် လေဆင်နှာမောင်းတိုက်ခတ် လူနေအိမ်(၅)လုံး ပျက်ဆီးဆုံးရှုံး

0
253

သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၊ အောင်ဇေယျ(၃) လမ်းတွင် ယမန်နေ့ ဇွန်(၃)ရက်၊ ည(၇)နာရီ အချိန်ခန့်က လေဆင်နှာမောင်း တိုက်ခတ်ခဲ့သည့်အတွက် လူနေအိမ် (၅)လုံး ပျက်ဆီးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးများ လန်ထွက်ကာ ပျက်ဆီးခဲ့ရပြီး၊ လူနှင့် တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း ဒေသခံ တစ်ဦးကပြောသည်။

“နေအိမ်ခေါင်းမိုးတွေ လန်ထွက်ကုန်တာ။ မိုးကလည်း ရက်ဆက်ရွာနေတာ။ ဘယ်သူမှတော့ ထိခိုက်မှုမရှိပါဘူး။ ကယ်ဆယ်ရေးအဖွဲ့တွေ သတင်းရလို့ လာပြီးရှင်းလင်းပေးပြီပါပြီ”ဟု ၎င်း ကပြောသည်။

ထိခိုက်ပျက်စီးခဲ့သော လူနေအိမ်များကို သထုံမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များ လာရောက် ကူညီရှင်းလင်းခြင်းများ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – သထုံမြို့နယ်မီးသတ်တပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here