ထိုင်း ဇနီးမောင်နှံနှစ်ဦးကို အနုကြမ်းစီး၍ ဓားဖြင့်ထိုးသ-တ်ကာ တိမ်းရှောင်နေသူ မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးရမိ

0
399

ထိုင်းနိုင်ငံ၊ တလန်ခရိုင်၊ ယန့်တာခေါင်မြို့နယ်၊ ထုန့်ခိုက်ကျေးရွာတွင် ယမန်နေ့ဇွန် (၃)ရက် နံနက်ပိုင်းက ထိုင်းဇနီးမောင် နှံနှစ်ဦးကို အနုကြမ်းစီး၍ ဓားဖြင့်ထိုးသ-တ်ခဲ့သည့် မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းနယ်‌မြေခံ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့‌ကြောင်း ထိုင်းအခြေစိုက် မြဝတီ – မဲဆောက် သတင်း၏ ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသား အသက် (၂၂) နှစ်အရွယ် အောင်ဆန်းမင်း ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် မိနစ်(၃၀) အတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းမှာ ကရင်ပြည်နယ်၊ မြဝတီဘက်မှ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ဝင်ရောက်လာကာ မဲဆောက်မြို့မှတဆင့် အခင်း ဖြစ်ပွားခဲ့သည့် တလန်ခရိုင်သို့ ရောက်ရှိခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယင်း ဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူသည် ယင်းနေ့ နံနက်ပိုင်းက ထိုင်းဇနီးမောင်နှံ (၂)ဦးဖွင့်လှစ်ထားသည့် ဈေးဆိုင်သို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆန်ဝယ်မည့်သူအဖြစ် ဟန်ဆောင်ကာ အနုကြမ်းဝင်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းမှာ ထိုင်းဇနီး မောင်နှံနှစ်ဦးအား ပိုက်ဆံထုတ်ပေးရန် ပြောဆိုရာ၌ ပိုက်ဆံထုတ်ပေးခြင်းမရှိသည့်အတွက် အသင့်ယူဆောင်လာသော ဓါးဖြင့်ထိုးကာ ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထိုင်းအမျိုးသမီး အသက်ဆုံးရှုံးခဲ့ပြီး အမျိုးသားဖြစ်သူမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပြစ်မှူကျူးလွန်သူအား ယန့်တာခေါင်ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ၊ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် မြဝတီ မဲဆောက် သတင်းစာမျက်နှာတွင် ဖော်ပြထားချက်အရ သိရသည်။

သတင်းဓာတ်ပုံ – Myawaddy & Measot Media


LEAVE A REPLY

Please enter your comment!
Please enter your name here