မိုင်းရယ်မြို့နယ်တွင် ကျပ်သိန်း (၁၁၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိ

0
199

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တန့်ယန်းခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ကျပ်သိန်း (၁၁၀၀) ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။

မိုင်းရယ်မြို့နယ်၊ မန်စန့်ကျေးရွာနေ မိတီ ငှားရမ်းနေထိုင်သည့် နေအိမ်အား ဇွန်လ (၂) ရက်၊ ညနေ (၄)နာရီအချိန်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုသို့ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ ရန်ပြေ နှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၉၄၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉၅.၂ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၉၀၀ ဂရမ် (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၁၈၀)၊ ကက်တမင်း အလေးချိန် ၆ ၀၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၉၀) သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ထို့ပြင် နေအိမ်ခြံဝင်းအတွင်း ရပ်တန့်ထားသည့် AD Van အမျိုးအစား မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၈၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၈၆ .၄ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်အရ ရန်ပြေ (၄၄)နှစ် နှင့် မိတီ တို့အား မိုင်းရယ်မြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းထုတ်ပြ န်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here