မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ များ ပြည်သူချင်း ပိုမိုချစ်ကြည်ရင်းနှီးရေးလုပ်ဆောင်

0
102

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တေဟုန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ မြန်မာ – တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)မှ စီစဉ်မှုဖြင့် ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ တေဟုန်ပြည်နယ်ခွဲသို့ သွားရောက်ကာ ပြည်သူချင်း ပိုမိုချစ်ကြည်ရင်းနှီးရေးများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့၏ မေ (၂၉)ရက်မှ ဇွန် (၂) ရက်အထိ ငါးရက်ကြာခရီးစဉ်အတွင်း ယဉ်ကျေးမှုနှင့်ပညာရေးကဏ္ဍများ တွေ့ဆုံဆွေးနွေးဖလှယ်ခြင်း၊ တေဟုန်ပြည်နယ် အသက်မွေးဝမ်းကျောင်း ကောလိပ်တွင် သူနာပြုဘာသာရပ်၊ တိုင်းရင်းဆေးနှင့် အခြားပညာတော်သင်များ ရွေးချယ်စေလွှတ်ရေးကိစ္စတို့ကို အပြန်အလှန်ဆွေးနွေးခြင်း၊ ကုမ္ပဏီစက်ရုံအလုပ်ရုံများ ကြည့်ရှုလေ့လာခြင်း၊ နယ်စပ်ဒေသချင်းနီးစပ်၍ ဗုဒ္ဓဘာသာဝင်အများစုရှိသော ဒေသဖြစ်သဖြင့် အထင်ကရရှိသော မန်စီရွှေစေတီတော်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ အလှူငွေများပေးအပ်ခြင်း စသည့် ပြည်သူချင်း ပိုမိုချစ်ကြည်ရင်းနှီးရေးကိစ္စရပ်များ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် မြန်မာ – တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ စီစဉ်မှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ HUNAN ပြည်နယ် Huanghe S&T University တွင် မေ (၂၄) ရက် မှ မေ(၂၉) ရက် အထိ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့တက္ကသိုလ် အမျိုးသမီးပါမောက္ခချုပ်များ၏ The 11th World Women University Presidents Forum သို့ မိုးညှင်းတက္ကသိုလ် ပါ မောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း တက်ရောက်ခဲ့ပြီး အဆိုပါညီလာခံသို့ နိုင်ငံပေါင်း (၆၅) နိုင်ငံမှ ကိုယ်စားလှယ် (၂၇ဝ) ကျော် တက်ရောက်ကြကာ ပညာရေးကဏ္ဍပေါင်းစုံအတွက် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here