ဂါဇာဒေသခံအချို့ တိရိစ္ဆာန်အစာများစားကာ ရေဆိုးသောက်သုံးနေကြရဟုဆို

0
453
Palestinian children fill plastic container with water in the grounds of a partially destroyed school being used as a shelter in the Jabalia refugee camp, in the northern Gaza Strip on June 3, 2024, amid the ongoing conflict between Israel and the Palestinian Hamas militant group. (Photo by Omar Al Qatta / AFP)

ဂါဇာ၊ဇွန် ၅

ဂါဇာကို  အစ္စရေး စစ်တပ်များက ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် အထောက်အပံ့ပစ္စည်းများသည် ဂါဇာသို့ဝင်ရောက်ရန်ခက်ခဲနေပြီး ဒေသခံအချို့သည် ယခုအခါ အသက်ရှင်သန်ရေးအတွက် တိရစ္ဆာန်အစာများကိုစားကာ ရေဆိုးများကိုသောက်သုံးရသည့်အခြေအနေဆိုက်နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဒေသဆိုင်ရာအကြီးအကဲကပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့မြေထဲပင်လယ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်နာဘယ်လ်ခီကမူ အစ္စရေးနှင့် ဟားမတ်စ်တို့ကြားမှ စစ်ပွဲသည် ကျယ်ပြန့်သောဒေသတစ်ဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုကိုအကျိုး သက်ရောက်ကြောင်းလည်းသတိပေးစကားဆိုခဲ့သည်။

၎င်းအခြေအနေများအနက် က-လေ-းများကို ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသည် ပိုမိုပြင်းထန်ဆိုးရွားကြောင်းလည်း က-လေ-းကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးက ဂျီနီဗာရှိ WHO ရုံးချုပ်၌ တွေ့ဆုံမေးမြန်းမှုတွင်ပြောကြားခဲ့သည်။

“အစ္စရေးတပ်တွေပိတ်ထားလို့ ဂါဇာအပြင်ဘက်မှာ ထောက်ပံ့ရေးကားတွေ ကတန်းစီရပ်ထားရချိန်မှာ ဂါဇာအတွင်းမှာတော့ လူကြီးတွေက မြက်တွေ၊တိရစ္ဆာန်အစာတွေစား၊မိလ္လာရေဆိုးကိုသောက်နေရပြီး က-လေး-တွေကမစားနိုင်လို့ ဒုက္ခရောက်နေရတဲ့အနေအထားပါ” ဟုလည်းဆက်လက်ပြောကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသရှိ သွေ-းထွက်သံယိုအဖြစ်အများဆုံးဖြစ်ခဲ့ရသည့် အဆိုးရွားဆုံးစစ်ပွဲသည် ဟားမတ်စ်၏ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအတွင်း‌ေ-သဆုံးသူအများစုမှာ အရပ်သားများဖြစ်ကာ လူပေါင်း ၁,၁၉၄ ဦး‌ေ-သဆုံးခဲ့သည်ဟု အစ္စရေး၏ တရားဝင်ထုတ်ပြန်ချက်အရသိရသည်။

ယင်းလုပ်ရပ်ကို အစ္စရေးက လက်တုန့်ပြန်ကာ ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များကြောင့် ဂါဇာတွင်လည်း အရပ်သားအများစုပါဝင်သည့် လူပေါင်း ၃၆,၅၅၀ ထက်မနည်း‌ေ-သဆုံးခဲ့ကြောင်း ဟားမတ်စ်ထိန်းချုပ်နယ်မြေ၏ ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here