ဂါဇာ၊ဇွန် ၅
ဂါဇာကို အစ္စရေး စစ်တပ်များက ဝိုင်းပတ်ပိတ်ဆို့ထားသဖြင့် အထောက်အပံ့ပစ္စည်းများသည် ဂါဇာသို့ဝင်ရောက်ရန်ခက်ခဲနေပြီး ဒေသခံအချို့သည် ယခုအခါ အသက်ရှင်သန်ရေးအတွက် တိရစ္ဆာန်အစာများကိုစားကာ ရေဆိုးများကိုသောက်သုံးရသည့်အခြေအနေဆိုက်နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဒေသဆိုင်ရာအကြီးအကဲကပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့မြေထဲပင်လယ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်နာဘယ်လ်ခီကမူ အစ္စရေးနှင့် ဟားမတ်စ်တို့ကြားမှ စစ်ပွဲသည် ကျယ်ပြန့်သောဒေသတစ်ဝန်းရှိ ကျန်းမာရေးစောင့်ရှောက်မှုကိုအကျိုး သက်ရောက်ကြောင်းလည်းသတိပေးစကားဆိုခဲ့သည်။
၎င်းအခြေအနေများအနက် က-လေ-းများကို ရုပ်ပိုင်း နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသည် ပိုမိုပြင်းထန်ဆိုးရွားကြောင်းလည်း က-လေ-းကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးက ဂျီနီဗာရှိ WHO ရုံးချုပ်၌ တွေ့ဆုံမေးမြန်းမှုတွင်ပြောကြားခဲ့သည်။
“အစ္စရေးတပ်တွေပိတ်ထားလို့ ဂါဇာအပြင်ဘက်မှာ ထောက်ပံ့ရေးကားတွေ ကတန်းစီရပ်ထားရချိန်မှာ ဂါဇာအတွင်းမှာတော့ လူကြီးတွေက မြက်တွေ၊တိရစ္ဆာန်အစာတွေစား၊မိလ္လာရေဆိုးကိုသောက်နေရပြီး က-လေး-တွေကမစားနိုင်လို့ ဒုက္ခရောက်နေရတဲ့အနေအထားပါ” ဟုလည်းဆက်လက်ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ သွေ-းထွက်သံယိုအဖြစ်အများဆုံးဖြစ်ခဲ့ရသည့် အဆိုးရွားဆုံးစစ်ပွဲသည် ဟားမတ်စ်၏ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကြောင့် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအတွင်းေ-သဆုံးသူအများစုမှာ အရပ်သားများဖြစ်ကာ လူပေါင်း ၁,၁၉၄ ဦးေ-သဆုံးခဲ့သည်ဟု အစ္စရေး၏ တရားဝင်ထုတ်ပြန်ချက်အရသိရသည်။
ယင်းလုပ်ရပ်ကို အစ္စရေးက လက်တုန့်ပြန်ကာ ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်များကြောင့် ဂါဇာတွင်လည်း အရပ်သားအများစုပါဝင်သည့် လူပေါင်း ၃၆,၅၅၀ ထက်မနည်းေ-သဆုံးခဲ့ကြောင်း ဟားမတ်စ်ထိန်းချုပ်နယ်မြေ၏ ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။
Source : အေအက်ဖ်ပီ/အက်ဖ်အက်စ်