လုံလောက်တဲ့ မဲအရေအတွက် မရခဲ့သော ရွေးကောက်ပွဲအပြီး မဟာမိတ်တွေနဲ့ တွေ့ဆုံဖို့ မိုဒီ စီစဉ်

0
635
India’s Prime Minister Narendra Modi flashes victory sign at the Bharatiya Janata Party (BJP) headquarters to celebrate the party’s win in country's general election, in New Delhi on June 4, 2024. - Modi claimed election victory for his party and its allies on June 4, but the opposition said they had "punished" the ruling party to confound predictions and reduce their parliamentary majority. (Photo by Money SHARMA / AFP)

လွှတ်တော်မှာ သူ့ရဲ့ ဟိန္ဒူအမျိုးသားရေးပါတီက အမတ်နေရာအများစု လုံလုံလောက်လောက်မရခဲ့တဲ့ အံ့အားသင့်ဖွယ် ရွေးကောက်ပွဲရလဒ်ထွက်ပေါ်ခဲ့ပြီး နောက်တစ်နေ့ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့မှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက မဟာမိတ်ပါတီငယ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အင်္ဂါနေ့အနှောင်းပိုင်းမှာ ကြေညာခဲ့တဲ့ တရားဝင်မဲရလဒ်တွေအရ အောက်လွှတ်တော်ရဲ့ အမတ်နေရာ ၅၄၃ နေရာအနက် မိုဒီရဲ့ BJP ပါတီက ၂၄၀ အနိုင်ရခဲ့တာဖြစ်ပြီး အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အနည်းဆုံးအရေအတွက်ထက် ၃၂ နေရာ လျော့နည်းခဲ့ပါတယ်။ဒါပေမယ့် BJP ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်(NDA) ရဲ့ စုစုပေါင်း အနိုင်ရခဲ့တဲ့ အမတ်နေရာဟာ ၂၉၃ နေရာရှိခဲ့ပြီး အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အမတ်အရေအတွက် ၂၇၂ ထက် ၂၀ ကျော်ပိုရခဲ့တာကြောင့် မဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစိုးရဖွဲ့နိုင်မှာ ဖြစ်ပါတယ်။

မိုဒီဟာ ဟိန္ဒူဘာသာဝင်တွေအတွက် အမြင့်မြတ်ဆုံးမြို့တွေထဲက တစ်မြို့လို့ယူဆကြတဲ့ ဗာရာဏသီဲမှာ သူ့အမတ်နေရာ အနိုင်ရခဲ့ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၅၀၀၀၀၀ နီးပါးနဲ့ ယင်းမြို့မှာ အနိုင်ရခဲ့တာဖြစ်ပေမယ့် ယခု ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၁၅၀၀၀၀ သာရရှိခဲ့တာဖြစ်ပါတယ်။

ရာဟူးဂန္ဒီရဲ့ ကွန်ဂရက်ပါတီဦးဆောင်တဲ့ အတိုက်အခံ အိန္ဒိယမဟာမိတ်အဖွဲ့က အမတ်နေရာ ၂၃၀ ရခဲ့ပြီး ခန့်မှန်းထားတာထက် ကျော်လွန်ရရှိခဲ့တာဖြစ်ပါတယ်။

ကွန်ဂရက်တစ်ပါတီတည်းက အမတ်နေရာ ၉၉ နေရာရခဲ့ပြီး ဒါဟာ ၂၀၁၉ ခုနှစ်က အနိုင်ရခဲ့တဲ့ ၅၂ နေရာထက် နှစ်ဆနီးပါး တက်လာခဲ့တာဖြစ်ပြီး ဂန္ဒီရဲ့ ရပ်တည်မှုကို အားကောင်းစေဖို့ မျှော်လင့်ရတဲ့ အံ့အားသင့်ဖွယ် ခုန်တက်ခဲ့မှုဖြစ်ပါတယ်။

အတိုက်အခံ အိန္ဒိယမဟာမိတ်အဖွဲ့ဟာလည်း ဗုဒ္ဓဟူးနေ့ နယူးဒေလီမှာ တွေ့ဆုံကာ အနာဂတ် လှုပ်ရှားမှုလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

သို့ပေမယ့် အတိုက်အခံတွေရဲ့ အစိုးရဖွဲ့နိုင်ရေး ကြိုးပမ်းမှု မှန်သမျှဟာ မိုဒီကို ထောက်ခံတဲ့ BJP ရဲ့ အဓိက မဟာမိတ်နှစ်ဖွဲ့ကြောင့် အဟန့်အတားဖြစ်ဖွယ်ရှိပါတယ်။

ပါတီနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲအကြို မဟာမိတ်ဖွဲ့မှုဟာ နဂိုအတိုင်းပဲ ရှိနေတယ်လို့လည်း ယင်းနှစ်ဖွဲ့က ပြောဆိုထားပါတယ်။

အင်္ဂါနေ့ညပိုင်းက ပါတီရုံးချုပ်မှာ ပါတီဝင်တွေကို မိုဒီက မိန့်ခွန်းပြောကြားခဲ့ရာမှာ သူ့ရဲ့ တတိယသက်တမ်းမှာ ပိုမိုကြိုးစားလုပ်ဆောင်သွားမယ်လို့ ကတိပြုခဲ့ကြောင်း သိရပါတယ်။

Ref: ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here