မြန်မာအသင်း နှင့် ဂျပန်အသင်း ပွဲစဉ်လက်မှတ်များ သုဝဏ္ဏကွင်း၌ ရောင်းချပေးနေ

0
130

2026 FIFA ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအကျော့ အဖြစ် ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်း တို့၏ ပွဲစဉ်လက်မှတ်ကို သုဝဏ္ဏကွင်း၌ ရောင်းချပေးနေသည်။

လက်မှတ်များကို ဇွန်လ (၄) ရက်မှ စတင်၍ နံနက်(၁၀)နာရီမှ မွန်းလွဲ (၃)နာရီအထိ သုဝဏ္ဏကွင်း ဂိတ်(၂)တွင် ရောင်းချပေးနေပြီး လက်မှတ်ခများမှာ ရိုးရိုးတန်း – ၂၀၀၀ ကျပ်၊ အထူးတန်း- ၅၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျပန်လက်ရွေးစင်အသင်းတို့သည် ဇွန်(၆)ရက်၊ ညနေ (၆) နာရီ မိနစ်(၄၀) အချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးအားကစားကွင်းအတွင်း ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်ခြေစစ်ပွဲအတွက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မြန်မာနှင့် ယှဉ်ပြိုင်ကစားမည့် ဂျပန်လက်ရွေးစင်အသင်းတွင် လီဗာဗူးအသင်း၏ ကွင်းလယ်ကစားသမား အန်ဒို (အသင်းခေါင်းဆောင်) နှင့် အာဆင်နယ် နောက်တန်းကစားသမား တိုမီယာဆုတို့ ပါဝင်မည်ဖြစ်ကာ၊ ဂျပန်လိဂ်တွင် ကစားနေသော ကစားသမား (၅) ဦးသာပါဝင်ပြီး ယင်းအနက် (၃) ဦးမှာ ဂိုးသမားများဖြစ်သည်။

ကျန်ကစားသမား(၂၁)ဦးမှာ ဥရောပအပါအဝင် ပြည်ပကလပ်များတွင် သွားရောက် ကစားနေသည့် ကစားသမားများဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here