အိန္ဒိယအပူလှိုင်းကြောင့်တောရိုင်းတိရစ္ဆာန်များထိခိုက်

0
473

ပတ္တနား၊ဇွန် ၄

အိန္ဒိယနိုင်ငံ၌ဖြစ်ပေါ်ခဲ့သည့် အပူလှိုင်းကြောင့် လူသားများသာမက တောရိုင်းတိရစ္ဆာန်များပါထိခိုက်ခဲ့ကြောင်းသိရသည်။

အပူလွန်ကဲသဖြင့် ရေခမ်းခြောက်သွားသည့် မြစ်ချောင်းအင်းအိုင်များကြောင့် သောက်ရေမရရှိသည့် မျောက်များသည် လူသုံးရေတွင်းထဲခုန်ချပြီးရေသောက်ရာမှ ပြန်မတက်နိုင်ဘဲ ‌ေ-သဆုံးသွားကြကြောင်းသိရသည်။

အိန္ဒိယ‌မြောက်ပိုင်းပြည်နယ်များ၌ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး အချို့နေရာများတွင် ၅၀ ဒီဂရီအထက်ရှိခဲ့သဖြင့် လူ ပေါင်းရာနင့်ချီ ၍ ‌ေ-သဆုံးခဲ့ရသောကြောင့် နိုင်ငံတစ်ဝန်းအရေးပေါ်အခြေအနေကြေငြာရန် အိန္ဒိယတရားရုံးက အစိုးရကိုတိုက်တွန်းခဲ့သည်။

ယင်းသို့အပူချိန်လွန်ကဲမှုကြောင့်လည်း တောရိုင်းတိရစ္ဆာန်များကိုပါထိခိုက်ကာ အချို့တိရစ္ဆာန်များသည် သောက်ရေအတွက် လူနေရွာတွေအထိလာရှာကြသည်ဟုလည်း ဒေသခံများကဆိုသည်။

ရေကန်များ အပူရှိန်ကြောင့် ခမ်းခြောက်သွားသဖြင့် သောက်ရေခက်ခဲနေသော မျောက်အကောင်ရေ ၄၀ နီးပါးသည် ရေတွင်းထဲရေဆင်းသောက်ရာမှ ရေနစ်သေဆုံးခဲ့ကြောင်းလည်းရွာသားများကဆိုသည်။

အဆိုပါဖြစ်စဉ်အတွက် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး ‌ေ-သဆုံးသွားသောမျောက်များကိုလည်း ရင်ခွဲစစ်ဆေးမှုပြုလုပ်ကာ ရလဒ်‌ကိုစောင့်ကြည့်နေသည်ဟုလည်းဆိုခဲ့သည်။

အိန္ဒိယသည် အပူချိန်လွန်ကဲမှုနှင့် မစိမ်းသော်လည်း လူတို့ကြောင့်ရာသီဥတုဖောက်ပြန်ကာ အခြေအနေအားပိုမိုဆိုးရွားစေခဲ့သည်ဟုလည်း ရာသီဥတုကျွမ်းကျင်သူများက သုံးသပ်ပြောကြားခဲ့သည်။

Source : အေအက်ဖ်ပီ/အက်ဖ်အိတ်ခ်ျ


LEAVE A REPLY

Please enter your comment!
Please enter your name here