သက်တမ်းရင့်ရေနံမြေများ အထွက်တိုးစေရန် ဆောင်ရွက်နေ

0
276

သက်တမ်းရင့် ရေနံမြေများတွင် ပေနက်တွင်းများ အောင်မြင်စွာ တူးဖော်နိုင်ရေးနည်းပညာပိုင်းဆိုင်ရာများကို ဆောင်ရွက်လျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ အလုပ်ရုံဆွေးနွေးပွဲမှ တဆင့် သိရသည်။

မေ (၃၀) ရက်က ပြုလုပ်ခဲ့သည့် အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ ၂၀၂၄- ၂၅ ဘဏ္ဍာနှစ်အတွင်းပြီးမြောက် အောင်တူးဖော်မည့် တွင်းသစ် (၂) တွင်းအတွက် ရေနံထွက်ရှိရန် အတည်ပြုထားပြီးဖြစ်ကာ ထိုတွင်း (၂) တွင်းကို ရည်မှန်းချက်အနက်ထိရောက်ရှိအောင် တူးဖော်ပြီး သမိုင်းမှတ်တိုင်သစ်စိုက်ထူဖို့လည်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုက်တွန်းသွားသည်။

ယင်းကဲ့သို့ တူးဖော်မည့်တွင်း (၂)တွင်းကို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကိုယ်တိုင်တူးဖော်၍ MPRL E&P Company မှ နည်းပညာနှင့်အတွေ့အကြုံများ မျှဝေကူညီပေးမည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် MPRL E&P Company နှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ပညာရှင်များက တူးဖော်မည့်ပေနက်တွင်းများအတွက် ပြုလုပ်ထားသည့် Design ၊ တွေ့ကြုံရနိုင်သည့်အခက်အခဲများအပေါ် ဆွေးနွေးလျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here