ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ နီးပါးရရှိခဲ့ပြီး မတ်ပဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၂ဝဝ)နီးပါးရရှိထား

0
155

မြန်မာနိုင်ငံအနေဖြင့် လက်ရှိ ၂ဝ၂၄ -၂ဝ၃၅ ဘဏ္ဍာနှစ်၏ နှစ်လနီးပါးကာလအတွင်း ပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတန်ချိန် (၄)သိန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၁၄ သန်းရရှိထားပြီး မတ်ပဲ တစ်မျိုးတည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်း (၂ဝဝ)နီးပါးကို ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
ထို့ပြင် နိုင်ငံမှထွက်ရှိသည့် မတ်ပဲများကို ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ တန်ချိန်ပေါင်း (၁)သိန်း ၆ သောင်းကျော် တင်ပို့ခဲ့ပြီး ထိုသို့တင်ပို့ရာမှ အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၉၅၁ သန်းရရှိထားကြောင်း သိရသည်။

အလားတူ ပြည်ပနိုင်ငံများသို့ ပဲတီစိမ်းတန်ချိန်ပေါင်း (၁) သိန်း နှစ်သောင်းကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာသန်း ၇၇ ကျော်ရရှိထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ စိုက်ပျိုးမြေဧရိယာ၏ ၂ဝ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံစိုက်ပျိုးလျက်ရှိပြီး ပဲမျိုးစုံစိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများကို စိုက်ပျိုးကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ကုလားပဲ စသည်တို့ကို ပင်လယ်ရေကြောင်းအပါအဝင် နယ်စပ်တို့မှတစ်ဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here