သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြား မိုင်းဖယ်ရှားပြီးဖြစ်သဖြင့် ရထားခရီးစဉ်များပုံမှန်ပြေးဆွဲ

0
196

ရန်ကုန် – မော်လမြိုင်ရထားလမ်းပိုင်းရှိ သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာကြားတွင် ယမန်နေ့ ဇွန်လ (၄)ရက် မွန်းလွဲပိုင်းအချိန်ခန့်တွင် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ပြီး အဆိုပါ မိုင်းအား ဖယ်ရှားပြီးဖြစ်သဖြင့် ရထားခရီးစဉ်များပုံမှန်ပြေးဆွဲပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ မိုင်းအား လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်းခဲ့ရပြီး ညနေ (၄)နာရီအချိန်၌ ရထားခရီးစဉ်များပုံမှန်ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရသည်။

“မိုင်းကမပေါက်ဘူး။ ဒေသခံတစ်ဦးက အကြောင်းကြားလို့ လုံခြုံရေးတပ်ဖွဲ့တွေ သွားကြည့်ပြီး ရှင်းလင်းခဲ့တာ။ ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ။ အခုတော့ ရထားတွေ သူ့အချိန်နဲ့သူ ပုံမှန်သွားနေပါပြီ”ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မိုင်းထောင်မှု ဖြစ်စဉ်ကြောင့် ယမန်နေ့က အမှတ်(၈၁) အဆန် ရန်ကုန် – မော်လမြိုင် အမြန်ရထားသည် နှင်းပုလဲဘူတာတွင် (၃)နာရီခန့်ကြာ ခတ္တရပ်နားခဲ့ရပြီး မိုင်းရှင်းလင်းပြီးနောက် ပြန်လည်ထွက်ခွာခဲ့သည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း မော်လမြိုင် – ရန်ကုန် ရထား လမ်းပိုင်းအတွင်း၌ အမှတ် (၆၈၆) အစုန် ကျောက်ရထားမှာ သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြား အရောက်တွင် ရထားမိုင်းထိမှန်၍ ရထားလမ်းနှင့်တွဲများ ပျက်ဆီးခဲ့ရသေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here